ဆော့ဖ်ဝဲလိုင်စင်နှင့် ဝန်ဆောင်မှု သဘောတူညီချက်

 

[အရေးကြီး သတိပေးချက်]

[ShangHai     Chunmi   Electronics Technology Co.,  Ltd. ] (ဤနေရာမှ စတင်၍ " Chunmi ") ဟု ရည်ညွှန်းပါမည်) အသုံးပြုသူအနေဖြင့် ဆော့ဖ်ဝဲလိုင်စင်နှင့် ဝန်ဆောင်မှု သဘောတူညီချက် (ဤ "သဘောတူညီချက်") အား သေချာစွာ ဂရုပြုဖတ်ရှု၍ အပြည့်အဝနားလည်ထားရန် သတိပေးနှိုးဆော်လိုပါသည်။ အသုံးပြုသူအနေဖြင့် ဤသဘောတူညီချက်ပါ စည်းကမ်းချက်များကို သေချာစွာဖတ်ရှု၍ ကျကျနန နားလည်ထားစေရမည်။ အထူးသဖြင့် Chunmi က တာဝန်ယူရယူခြင်းမှ ကင်းလွတ်ခွင့်ရှိခြင်း သို့မဟုတ် အကန့်အသတ်ဖြင့်သာ တာဝန်ယူရခြင်း၊ အငြင်းပွားမှု ဖြေရှင်းခြင်းများနှင့် အကျုံးဝင်သော ဥပဒေများဖြင့် ဆက်စပ်သော စည်းကမ်းချက်များဖြစ်ပါသည်။ အနက်ရောင် အမှတ်အသားဖြင့် ဖော်ပြထားသည့် တာဝန်ယူရယူခြင်းမှ ကင်းလွတ်ခွင့်ရှိခြင်း သို့မဟုတ် အကန့်အသတ်ဖြင့်သာ တာဝန်ယူရခြင်းနှင့် ဆက်စပ်သော စည်းကမ်းများကို သင်သတိပြုမိစေရန် ဆောင်ရွက်ထားပါသည်။ သေချာစွာဖတ်ရှု၍ ဤသဘောတူညီချက်အား လက်ခံမည် သို့မဟုတ် လက်မခံမည်ကို ရွေးချယ်ပေးပါ (အရွယ်မရောက်သေးသူအနေဖြင့် ဤသဘောတူညီချက်အား သူ/သူမ၏ တရားဝင်အုပ်ထိန်းသူနှင့်အတူ ဖတ်ရှုရပါမည်)။ ဆော့ဖ်ဝဲကို ဒေါင်းလော့ပြုလုပ်ခြင်း၊ ထည့်သွင်းခြင်းနှင့် အသုံးပြုခြင်းအပြင် သင့်အကောင့်ကို ရယူ၍ ဝင်ရောက်အသုံးပြုခြင်းဖြင့် ဤသဘောတူညီချက်ကို လက်ခံရန်နှင့် ယင်းတွင်ပါဝင်သော အကြောင်းအရာများအား အပြည့်အဝလိုက်နာရန် သင် သဘောတူညီခြင်းဖြစ်သည်။

 

 Chunmi က ဤသဘောတူညီချက်အား ပြင်ဆင်ဖြည့်စွက်ခွင့် ရှိပါသည်။ အပ်ဒိတ်ပြုလုပ်ထားသော ဤသဘောတူညီချက်ပါ စည်းကမ်းချက်များအား တရားဝင် ဝက်ဘ်ဆိုဒ် သို့မဟုတ် ဆော့ဖ်ဝဲယားပေါ်တွင် ဖော်ပြပေးသွားမည်ဖြစ်ပြီး စတင်ဖော်ပြသည့်ရက်စွဲမှစတင်ကာ အသက်ဝင်ပါမည်။ အသုံးပြုသူအနေဖြင့် ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုဒ်ပေါ်တွင် ဤဆော့ဖ်ဝဲယားကို ပြန်လည်ဒေါင်းလုတ်ရယူ၊ တပ်ဆင်ခြင်းကိုသော်လည်းကောင်း သို့မဟုတ် ဤသဘောတူညီချက်ပါ စည်းကမ်းချက်များအတွက် နောက်ဆုံးထွက် ဗားရှင်းကို ကြည့်ရှုခြင်းကိုသော်လည်းကောင်း ပြုလုပ်နိုင်ပါသည်။ ဤသဘောတူညီချက်ပါ စည်းကမ်းချက်များကို Chunmi က ပြင်ဆင်ပြီးနောက်ပိုင်းတွင် ထိုသို့ပြင်ဆင်လိုက်သော စည်းကမ်းချက်များကို သင်လက်ခံခြင်းမပြုပါက "MI အဆင့်မြင့် ထမင်းပေါင်းအိုး"  နှင့် Chunmi က ဖော်ဆောင်ပေးအပ်ထားသော ဆော့ဖ်ဝဲနှင့် ဝန်ဆောင်မှုများကို အသုံးပြုခြင်းအား ချက်ခြင်းရပ်တန့်ပေးပါ။ ထိုသို့မဟုတ်ဘဲ "MI အဆင့်မြင့် ထမင်းပေါင်းအိုး" နှင့် Chunmi က ဖော်ဆောင်ပေးအပ်ထားသော ဝန်ဆောင်မှုများကို ဆက်လက်အသုံးပြုခြင်းသည် ဤသဘောတူညီချက်တွင်ပါရှိသည့် ပြင်ဆင်လိုက်သော စည်းကမ်းချက်များကို လက်ခံခြင်းဟု မှတ်ယူခြင်း ခံရပေမည်။

 

1။ အထွေထွေ စည်းကမ်းချက်များ

၁.၁။ ဤသဘောတူညီချက်သည် သင် (ဤနေရာမှ စတင်၍ "အသုံးပြုသူ" ဟု ရည်ညွှန်းပါမည်) နှင့် Chunmi နှင့် ယင်း၏ လုပ်ငန်းပါတနာ (ဤနေရာမှ စတင်၍ "ပါတနာ" ဟု ရည်ညွှန်းပါမည်) တို့အကြား အသုံးပြုသူ၏ Chunmi ထံမှ "MI အဆင့်မြင့် ထမင်းပေါင်းအိုး" ဆော့ဖ်ဝဲ (ဤနေရာမှစတင်၍ "ဆော့ဖ်ဝဲ" ဟု ရည်ညွှန်းပါမည်) ကို ဒေါင်းလော့ပြုလုပ်ခြင်း၊ ထည့်သွင်းခြင်းနှင့် အသုံးပြုခြင်းနှင့် Chunmi ၏ သက်ဆိုင်ရာဝန်ဆောင်မှုများကို အသုံးပြုခြင်း စသည်တို့အတွက် သဘောတူညီ၍ ချုပ်ဆိုထားသော သဘောတူညီချက်ဖြစ်သည်။

 

1.2။ ဆော့ဖ်ဝဲနှင့် ဝန်ဆောင်မှုများအား မိုဘိုင်း စမတ် တာမီနယ် စက်ပစ္စည်းများ (ယင်းတို့အပါအဝင် အခြားစက်ပစ္စည်းများ) တွင် ထည့်သွင်း၍ အဆိုပါ စမတ် တာမီနယ် အသုံးပြုသူများအား Chunmi ၏ ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန်အတွက် Chunmi က ထုတ်ပေးထားခြင်းဖြစ်ပါသည်။

 

1.3။ ဆော့ဖ်ဝဲနှင့် ဝန်ဆောင်မှုများအား ပိုင်ဆိုင်မှုနှင့် လုပ်ငန်းဆောင်ရွက်ခွင့်သည် Chunmi တွင်သာ ရှိပါသည်။

 

2။ ဆော့ဖ်ဝဲလိုင်စင်ရယူအသုံးပြုခြင်း

2.1။ Chunmi က အသုံးပြုသူများအား ဆော့်ဖ်ဝဲကို ထပ်မံလိုင်စင်ပြုလုပ်နိုင်ခွင့် မပါဝင်ဘဲ ကိုယ်ရေးကိုယ်တာ အသုံးပြုနိုင်သော၊ လွှဲပြောင်းနိုင်မှုမရှိသော ထို့အပြင် အလုံးစုံပါဝင်ခြင်းမရှိသော လိုင်စင်ကို ပေးအပ်ထားပါသည်။

 

2.2။ အသုံးပြုသူအနေဖြင့် မိုဘိုင်း တာမီနယ် စက်ပစ္စည်းတစ်ခုအပေါ်တွင် စီးပွားရေး ရည်ရွယ်ချက်များအတွက်မဟုတ်ဘဲ ဆော့ဖ်ဝဲကို ထည့်သွင်းခြင်း၊ အသုံးပြုခြင်း၊ ပြသခြင်းနှင့် ဖွင့်လှစ်ထားခြင်း ပြုလုပ်နိုင်ပါသည်။ သို့သော်လည်း အသုံးပြုသူအနေဖြင့် စီးပွားရေးလုပ်ဆောင်ရန် ရည်ရွယ်ချက်များအတွက် ဆော့ဖ်ဝဲကို ထည့်သွင်းခြင်း၊ အသုံးပြုခြင်း သို့မဟုတ် ဖွင့်လှစ်ထားခြင်း မပြုလုပ်နိုင်ပါ။ အသုံးပြုသူအနေဖြင့် ဆော့ဖ်ဝဲ၏ မည်သည့်အချက်အလက်ကိုမျှ သို့မဟုတ် ဆော့ဖ်ဝဲကို ဖွင့်လှစ်ထားစဉ်အချိန်အတွင်း တာမီနယ်၏ မှတ်ဉာဏ်အတွင်း ထည့်သွင်းလိုက်သော မည်သည့်အချက်အလက်မဆိုနှင့် ဆော့ဖ်ဝဲကို ဖွင့်လှစ်ထားစဉ် အသုံးပြုသည့်စက်နှင့် ဆာဗာတို့အကြား ပြုလုပ်လိုက်သော အပြန်အလှန်ဆက်သွယ်မှု အချက်အလက်များ စသည်တို့ကို ကူးယူခြင်း၊ ပြောင်းလဲခြင်း သို့မဟုတ် မွမ်းမံခြင်း မပြုလုပ်ရ။ သို့မဟုတ် ဆော့ဖ်ဝဲကို ပလဂ်အင်များဖြင့် ဖွင့်လှစ်ခြင်း၊ သို့မဟုတ် ပလဂ်အင်များ၊ ဆော့ဖ်ဝဲကို ဝင်ရောက်ခြင်းနှင့် ခွင့်ပြုချက်မရှိသော ကိရိယာ/ဝန်ဆောင်မှုများမှတဆင့် ဝင်ရောက်သည့် ဆက်စပ်သော စနစ်များ စသည်တို့အပါအဝင် မည်သည့်ပုံစံဖြင့်မဆို ဆင့်ပွားကူးယူပြုလုပ်ခြင်း မပြုလုပ်ရ။ ဆော့ဖ်ဝဲယား ကြိုတင်ဆင်ခြင်းနှင့် တစ်ဆင့်ခံ ရောင်းချခြင်းကဲ့သို့ ဆော့ဖ်ဝဲယားကို စီးပွားဖြစ် ရောင်းချခြင်း၊ ကော်ပီကူးခြင်း သို့မဟုတ် ဖြန့်ချိခြင်းများပြုလုပ်ရန် လိုအပ်ပါက သင့်အနေဖြင့် Chunmi ထံမှ စာရေးသား ခွင့်ပြုချက်နှင့် လိုင်စင်တို့ကို မဖြစ်မနေ ရရှိထားရပေမည်။

 

2.3။ Chunmi ထံမှ ခွင့်ပြုချက်မရရှိထားလျှင် Chunmi က ခွင့်ပြုသည်ဟု ထုတ်ပြန်ထားခြင်းမရှိသော ရုပ်သံဖမ်းစက်များ၊ ဂိမ်းကွန်ဆိုးများ၊ တီဗွီများ၊ ဒီဗွီဒီ ဖွင့်စက်များ စသည်တို့အပါအဝင် အခြား တာမီနယ် စက်ပစ္စည်းများတွင် အသုံးပြုသူအနေဖြင့် ဆော့ဖ်ဝဲကို ထည့်သွင်းခြင်း မပြုလုပ်ရပါ။

 

2.4။ အသုံးပြုသူက ဆော့ဖ်ဝဲနှင့် ဝန်ဆောင်မှုများ အသုံးပြုရန်အတွက် ဆော့ဖ်ဝဲမိတ္တူတစ်ခုကို ပြုလုပ်နိုင်သော်လည်း ယင်းကို အရန်အနေဖြင့်သာ အသုံးပြုရပါမည်။ အရန်မိတ္တူတွင် မူရင်းဆော့ဖ်ဝဲအတွင်း ပါဝင်သည့် မူပိုင်ခွင့်ဆိုင်ရာ အချက်အလက်များအားလုံး ပါဝင်ရပါမည်။

 

2.5။ ဤသဘောတူညီချက်တွင် ခွင့်ပြုသည်ဟု ဖော်ပြထားခြင်းမရှိလျှင် Chunmi က အသုံးပြုသူထံ အခြားအခွင့်အရေးများ ပေးအပ်ထားခြင်း မရှိပါ။ အသုံးပြုသူအနေဖြင့် အခြားအခွင့်အရေးများ အသုံးပြုလိုပါက Chunmi ထံမှ စာဖြင့်ခွင့်ပြုချက်ကို ကြိုတင်ရယူထားရပါမည်။

 

3။ ဆော့ဖ်ဝဲကို ရယူခြင်း၊ ထည့်သွင်းခြင်းနှင့် အဆင့်မြှင့်တင်ခြင်း

3.1။ အသုံးပြုသူအနေဖြင့် ဆော့ဖ်ဝဲကို ဝဘ်ဆိုက်မှ သို့မဟုတ် Chunmi က သတ်မှတ်ထားသောနည်းလမ်းဖြင့် ဒေါင်းလော့ပြုလုပ်၍ ထည့်သွင်းနိုင်ပါသည်။ အသုံးပြုသူ အချက်အလက်များကို ဖျက်ဆီးနိုင်၍ အသုံးပြုသူ၏ ကိုယ်ရေးလုံခြုံမှုဆိုင်ရာ အချက်အလက်များကို ရယူနိုင်သည့် အဖျက်ပရိုဂရမ်များ ဝင်ရောက်ကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် သတ်မှတ်ပေးထားခြင်းမရှိသော ဝဘ်ဆိုက်မှ ဒေါင်းလော့ရယူခြင်းမပြုရန် သတိပြုပါ။ Chunmi က ခွင့်ပြုပေးထားခြင်းမရှိသော ပြင်ပအဖွဲ့အစည်းထံမှ ဆော့ဖ်ဝဲနှင့် အမည်တူသည့် ပရိုဂရမ်ကို ရယူထားခြင်း သို့မဟုတ် ထည့်သွင်းခြင်း ပြုလုပ်လျှင် ယင်းက ပုံမှန် အလုပ်လုပ်မည်ဟု Chunmi က အာမခံပေးနိုင်ခြင်းမရှိသလို သင့်ထံ ဖြစ်ပေါ်လာမည့် ဆုံးရှုံးမှုများအတွက်လည်း Chunmi က တာဝန်ယူပေးနိုင်မည်မဟုတ်ပါ။

 

3.2။ အသုံးပြုနေသည့် တာမီနယ် စက်ပစ္စည်းနှင့် ကိုက်ညီသည့် ဆော့ဖ်ဝဲဗားရှင်းကို အသုံးပြုသူက ရွေးချယ်ပေးရပါမည်။ ထိုသို့မပြုလုပ်ပါက ဆော့ဖ်ဝဲဗားရှင်းနှင့် စက်ပစ္စည်းမော်ဒယ်တို့ မကိုက်ညီခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆော့ဖ်ဝဲပြဿနာများ၊ စက်ပစ္စည်းပြဿနာများ သို့မဟုတ် ပျက်စီးမှုများသည် အသုံးပြုသူ တစ်ဦးတည်းတွင်သာ တာဝန်ရှိပါသည်။

 

3.3။ အသုံးပြုသူအတွေ့အကြုံကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးရန်နှင့် ဝန်ဆောင်မှုကဏ္ဍကို အကောင်းဆုံးဖြစ်အောင် ပြုလုပ်ပေးရန် ဆော့ဖ်ဝဲကို အစားထိုးခြင်း၊ မွမ်းမံခြင်းနှင့် အဆင့်မြှင့်တင်ပေးခြင်း စသည်တို့ပြုလုပ်ခွင့် Chunmi တွင် ရှိသလို ထိုကဲ့သို့သော အစားထိုးမှု၊ မွမ်းမံမှု သို့မဟုတ် အဆင့်မြှင့်တင်မှုအတွက် အခကြေးငွေကောက်ခံခွင့်လည်း ရှိပါသည်။ သို့သော် ထိုကဲ့သို့သော ငွေကြေးကောက်ခံမှုများအတွက် သင့်ထံမှ ခွင့်ပြုချက်ကို ကြိုတင်ရယူပါမည်။ အသုံးပြုသူအတွက် "အဆင့်မြှင့်တင်ရန် အသိပေးချက်" ကို မူရင်းနည်းလမ်းအဖြစ် ဆော့ဖ်ဝဲက ဖွင့်ထားပါလိမ့်မည်။ အသုံးပြုသူက အသုံးပြုနေသော ဆော့ဖ်ဝဲဗားရှင်းအပေါ်မူတည်၍ အသုံးပြုသူအတွက် ပြောဆိုထားသော ဖီးချားများ ရရှိမည်၊မရရှိမည်ကို Chunmi က သတ်မှတ်ပေးပါသည်။ ဆော့ဖ်ဝဲဗားရှင်းအသစ် ထုတ်ပြန်ပေးပြီးနောက် ဆော့ဖ်ဝဲဗားရှင်းအဟောင်းများ ဆက်လက်အသုံးပြုနိုင်ခြင်း ရှိ၊မရှိကို Chunmi က အာမခံပေးထားခြင်း မရှိပါ။

 

4။ အသုံးပြုမှုဆိုင်ရာ ဖော်ပြချက်

4.1။ အသုံးပြုသူအနေဖြင့် ဆော့ဖ်ဝဲနှင့် ဝန်ဆောင်မှုများကို ဤသဘောတူညီချက်နှင့် ဥပဒေများနှင့်အညီ အသုံးပြုနိုင်ပါသည်။ အသုံးပြုသူအနေဖြင့် အောက်ပါဆောင်ရွက်ချက်များကို မပြုလုပ်ရပါ -

4.1.1။ ဆော့ဖ်ဝဲနှင့် အခြားမိတ္တူများတွင်ပါဝင်သော မူပိုင်ခွင့်ဆိုင်ရာအချက်အလက်များကို ဖျက်ခြင်း၊ သို့မဟုတ် ဉာဏဆိုင်ရာမူပိုင်ခွင့်အရ ကာကွယ်ရန်အတွက် ဆော့ဖ်ဝဲက သတ်မှတ်ထားသော နည်းပညာဆိုင်ရာ ကန့်သတ်ချက်များကို မွမ်းမံခြင်း၊ ဖျက်ခြင်း သို့မဟုတ် ရှောင်တိမ်းခြင်း။

 

4.1.2။ ဆော့ဖ်ဝဲ၏ ပင်ရင်းကုဒ်ကို ရရှိနိုင်ရန် ဆော့ဖ်ဝဲကို ခွဲထုတ်ခြင်း၊ အချက်အလက်ပုံစံပြန်ပြောင်းခြင်း သို့မဟုတ် အခြားကြိုးပမ်းမှုများ ပြုလုပ်ခြင်း စသည်တို့ကဲ့သို့ ဆော့ဖ်ဝဲအား ပြန်လည်ရရှိပြင်ဆင်နိုင်ရန် နည်းပညာအသုံးပြုခြင်း။

 

4.1.3။ စီးပွားရေးဆိုင်ရာ ရည်ရွယ်ချက်များအတွက် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ဆော့ဖ်ဝဲလည်ပတ်နေစဉ် ညွှန်ကြားချက်များနှင့် အချက်အလက်များကို မွမ်းမံခြင်း သို့မဟုတ် လိမ်လည်ထည့်သွင်းခြင်းဖြင့် ဆော့ဖ်ဝဲ၏ ဖီးချားများ သို့မဟုတ် လည်ပတ်မှုရလဒ်များကို ပေါင်းထည့်ခြင်း၊ ဖယ်ထုတ်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း၊ သို့မဟုတ် ဆော့ဖ်ဝဲ သို့မဟုတ် အထက်ဖော်ပြပါ ရည်ရွယ်ချက်များအတွက် အသုံးပြုသော နည်းလမ်းများကို လူအများထံ ရောက်ရှိစေခြင်း သို့မဟုတ် ဖြန့်ဖြူးခြင်း။

 

4.1.4။ အောက်ပါတို့အပါအဝင် ကွန်ရက်လုံခြုံရေးကို ထိခိုက်ပျက်စီးစေမည့် မည်သည့်လုပ်ဆောင်ချက်ကိုမဆို ပြုလုပ်ရန်အတွက် ဆော့ဖ်ဝဲကို အသုံးပြုခြင်း - ခွင့်ပြုမထားသော အချက်အလက်များ အသုံးပြုခြင်း သို့မဟုတ် ခွင့်ပြုမထားသော ဆာဗာ/အကောင့်များကို ဝင်ရောက်အသုံးပြုခြင်း၊ အများဆိုင်ရာကွန်ရက်များ သို့မဟုတ် အခြားလူများ၏ စက်လည်ပတ်မှုစနစ်သို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်၍ သိမ်းဆည်းထားသော အချက်အလက်များကို ဖျက်ဆီးခြင်း၊ မွမ်းမံခြင်း သို့မဟုတ် ပေါင်းထည့်ခြင်း၊ ကွန်ရက်လုံခြုံရေးကို ပျက်စီးစေသည့် ဆော့ဖ်ဝဲစနစ် သို့မဟုတ် ကွန်ရက် အားနည်းချက်များကို ရှာဖွေခြင်း၊ ထောက်လှမ်းခြင်း သို့မဟုတ် စမ်းသပ်ခြင်း သို့မဟုတ် အခြားအရာများ ပြုလုပ်ခြင်း၊ ဆော့ဖ်ဝဲစနစ် သို့မဟုတ် ဝဘ်ဆိုက်၏ ပုံမှန်လည်ပတ်မှုကို ဝင်ရောက်နှောင့်ယှက်ရန် သို့မဟုတ် ဖျက်ဆီးရန် ကြိုးစားခြင်း၊ ရည်ရွယ်ချက်ဖြင့် အဖျက်ပရိုဂရမ်များ သို့မဟုတ် ဗိုင်းရပ်စ်များကို ဖြန့်ခြင်း၊ သို့မဟုတ် ပုံမှန် ကွန်ရက်ဆိုင်ရာ အချက်အလက်ဝန်ဆောင်မှုများကို ဖျက်ဆီးခြင်း သို့မဟုတ် နှောင့်ယှက်သည့် အခြားဆောင်ရွက်မှုများကို ပြုလုပ်ခြင်း၊ TCP/IP အချက်အလက်အစုများ၏ အမည်သို့မဟုတ် အမည်များ၏ တစ်စိတ်တစ်ပိုင်းကို အတုပြုလုပ်ခြင်း။

 

4.1.5။ Chunmi က ထုတ်လုပ်မထားသော၊ ခွင့်ပြုမထားသော သို့မဟုတ် အတည်ပြုမထားသော ပြင်ပအဖွဲ့အစည်းများထံမှ ကိုက်ညီခြင်းရှိသည့် ဆော့ဖ်ဝဲများ သို့မဟုတ် စနစ်များမှတဆင့် ဆော့ဖ်ဝဲနှင့် ဝန်ဆောင်မှုများကို ဝင်ရောက်ခြင်း သို့မဟုတ် အသုံးပြုခြင်း၊ သို့မဟုတ် အထက်ဖော်ပြပါ ကိရိယာများကို ပြုလုပ်ခြင်း၊ ထုတ်ဝေခြင်း သို့မဟုတ် ဖြန့်ဖြူးခြင်း။

 

4.1.6။ Chunmi ထံမှ စာဖြင့်ခွင့်ပြုချက်မရှိလျှင် အသုံးပြုခြင်း၊ ငှားရမ်းခြင်း၊ ငှားယူခြင်း၊ ကူးယူခြင်း၊ မွမ်းမံခြင်း၊ လင့်ခ်တစ်ခု သတ်မှတ်ခြင်း၊ ပြန်လည်ထုတ်လုပ်ခြင်း၊ ပေါင်းစည်းခြင်း၊ ထုတ်ဝေခြင်း၊ ဖြန့်ချီခြင်း၊ ဝဘ်ဆိုက် အယောင်တစ်ခု တည်ထောင်ခြင်း၊ သို့မဟုတ် ဆင့်ပွား ထုတ်ကုန်များ၊ လုပ်ဆောင်မှုများ၊ ဝန်ဆောင်မှုများ၊ ပလဂ်အင်များ၊ ကိုက်ညီသည့်အရာများ သို့မဟုတ် အတွင်းပိုင်းတွင် ချိတ်ဆက်မှုများ စသည်တို့ကို ပြုလုပ်ရန်အတွက် ဆော့ဖ်ဝဲအား ခွင့်ပြုချက်မရှိဘဲ အသုံးပြုခြင်း စသည်တို့အပါအဝင် အသုံးပြုသူက ဆော့ဖ်ဝဲ သို့မဟုတ် ယင်းတွင်ပါဝင်သော အချက်အလက်များအပေါ် မည်သည့်ပြုလုပ်ချက်များကိုမဆို။

 

4.1.7။ ဒေသန္တရ ဥပဒေများနှင့် နည်းဥပဒေများကို ချိုးဖောက်သည့် မည်သည့်အကြောင်းအရာကိုမဆို ဖြန့်ချီရန်၊ ထုတ်လွှင့်ရန်၊ ဖြန့်ဖြူးရန် သို့မဟုတ် သိမ်းဆည်းရန် ဆော့ဖ်ဝဲကို အသုံးပြုခြင်း။

 

4.1.8။ ဉာဏပစ္စည်းမူပိုင်ခွင့်နှင့် အခြားလူများ၏ ကုန်သွယ်ရေး လျှို့ဝှက်ချက်များကဲ့သို့ တရားဝင် မူပိုင်ခွင့်များကို ချိုးဖောက်သည့် မည်သည့်အကြောင်းအရာကိုမဆို ဖြန့်ချီရန်၊ ထုတ်လွှင့်ရန်၊ ဖြန့်ဖြူးရန် သို့မဟုတ် သိမ်းဆည်းရန် ဆော့ဖ်ဝဲကို အသုံးပြုခြင်း။

 

4.1.9။ ကြော်ငြာအချက်အလက်များ သို့မဟုတ် မလိုလားအပ်သော အီးမေးလ်များကို ပမာဏအများအပြား ဖြန့်ချီရန်၊ ထုတ်လွှင့်ရန် သို့မဟုတ် ဖြန့်ဖြူးရန် ဆော့ဖ်ဝဲကို အသုံးပြုခြင်း။

 

4.1.10။ Chunmi က ထုတ်ပေးထာသော ဆော့ဖ်ဝဲနှင့် အခြား ဝန်ဆောင်မှုများကို ဥပဒေနှင့် မကိုက်ညီသည့်ပုံစံဖြင့်၊ ဥပဒေနှင့် မကိုက်ညီသည့် ရည်ရွယ်ချက်များအတွက် သို့မဟုတ် ဤသဘောတူညီချက်အောက်တွင် အသုံးပြုရန် လိုင်စင်ပြုလုပ်ထားခြင်းနှင့် မကိုက်ညီသည့် မည်သည့်ပုံစံဖြင့်မဆို အသုံးပြုခြင်း။

4.2။ ဖြန့်ချီခြင်းအတွက် သတ်မှတ်ထားသည့် အချက်အလက်များ

4.2.1။ ကြည့်ရှုမှုများ၊ အချက်အလက်၊ စာသား၊ အချက်အလက်များ၊ အသုံးပြုသူ အမည်များ၊ ရုပ်ပုံများ၊ ဓါတ်ပုံများ၊ ကိုယ်ရေးကိုယ်တာ အချက်အလက်များ၊ အသံ သို့မဟုတ် ဗွီဒီယို ဖိုင်များ၊ လင့်ခ်များ စသည်တို့ကဲ့သို့ သင်ဖန်တီးထားသည်များ သို့မဟုတ် ဖြန့်ချီရန် သင့်တွင် အခွင့်အရေးရှိသည်များ စသည်တို့ကဲ့သို့သော အချက်အလက်များကို ဖြန့်ချီရန် ဆော့ဖ်ဝဲကို သင် အသုံးပြုနိုင်ပါသည်။ သင်အွန်လိုင်းတင်လိုက်သော အချက်အလက်များအတွင် သင့်တွင် ဉာဏပစ္စည်းမူပိုင်ခွင့် ရှိသည် သို့မဟုတ် တရားဝင်ခွင့်ပြုချက် သင်ရယူထား၍ သင်၏ ဆော့ဖ်ဝဲနှင့် ဝန်ဆောင်မှုများအား အသုံးပြုခြင်းသည် မည်သည့်ပြင်ပအဖွဲ့အစည်းမဆို၏ တရားဝင် မူပိုင်ခွင့်များ သို့မဟုတ် အကျိုးစီးပွားများကို ချိုးဖောက်ခြင်းမရှိပါဟု သင်အာမခံရမည်ဖြစ်သည်။

 

4.2.2။ ဆော့ဖ်ဝဲကို အသုံးပြုသည့်အခါ ဒေသန္တရဥပဒေများနှင့် နည်းဥပဒေများအား သင် လိုက်နာရန် လိုအပ်ပါသည်။

 

4.2.3။ သင့်အနေဖြင့် အခြားလုပ်ဆောင်ချက်များနှင့်တကွ အောက်ဖော်ပြပါ ဆောင်ရွက်မှုများကို ပြုလုပ်ရန် ဆော့ဖ်ဝဲယားကို အသုံးပြုခြင်းမျိုး မဖြစ်စေရပေ -

4.2.3.1။ အရပ်ဖက်ဥပဒေများနှင့် နည်းဥပဒေများကို ချိုးဖောက်သည့် အောက်ဖော်ပြပါ အကြောင်းအရာတစ်ခုခုကို ထုတ်လုပ်ခြင်း၊ ပြန်လည်ထုတ်လုပ်ခြင်း၊ ပုံနှိပ်ဖော်ပြခြင်း၊ လူအများသို့ ဖြန့်ဝေခြင်း သို့မဟုတ် သိမ်းဆည်းခြင်းများ၊

4.2.3.2။ ဂုဏ်သိက္ခာ အခွင့်အရေး၊ အမည်ကျော်ကြားမှု အခွင့်အရေး၊ ဉာဏပစ္စည်းမူပိုင်ခွင့်နှင့် အခြားလူများ၏ ကုန်သွယ်ရေး လျှို့ဝှက်ချက်များကဲ့သို့ တရားဝင် မူပိုင်ခွင့်များကို ချိုးဖောက်သည့် မည်သည့်အကြောင်းအရာကိုမဆို ဖြန့်ချီခြင်း၊ ထုတ်လွှင့်ခြင်း၊ ဖြန့်ဖြူးခြင်း သို့မဟုတ် သိမ်းဆည်းခြင်း။

4.2.3.3။ အခြားလူများအား အထင်မှားစေရန် သို့မဟုတ် လှည့်စားရန် သတင်းတု ပြုလုပ်ခြင်း သို့မဟုတ် အမှန်တရားကို ဖုံးကွယ်ခြင်း။

4.2.3.4။ ကြော်ငြာအချက်အလက်များ သို့မဟုတ် မလိုလားအပ်သော အီးမေးလ်များကို ဖြန့်ချီခြင်း၊ ထုတ်လွှတ်ခြင်း သို့မဟုတ် ဖြန့်ဖြူးခြင်း။

4.2.3.5။ ဒေသန္တရဥပဒေများ၊ နည်းဥပဒေများနှင့်  စသည်တို့ကို ချိုးဖောက်သည့် အခြားအပြုအမူများတွင် ပါဝင်ခြင်း။

 

4.2.4။ ကြော်ငြာခြင်း၊ ကုန်ပစ္စည်းရောင်းချခြင်း စသည့် မည်သည့်စီးပွားရေးဆိုင်ရာ လုပ်ဆောင်ချက်များကိုမဆို Chunmi ၏ ခွင့်ပြုချက်မရှိလျှင် သင်မပြုလုပ်နိုင်ပါ။

 

4.3။ အောက်ပါတို့ကို သင်နားလည်၍ သဘောတူညီပါသည် -

4.3.1။ အထက်ဖော်ပြပါ အသုံးပြုမှုဆိုင်ရာ သတ်မှတ်ချက်များကို အသုံးပြုသူက ချိုးဖောက်သည်ဟု သံသယဝင်ခြင်း ရှိမရှိကို Chunmi က ဆုံးဖြတ်မည်ဖြစ်၍ ထိုဆုံးဖြတ်ချက်ပေါ်မူတည်ကာ သင့်ထံပေးအပ်ထားသော အသုံးပြုမှုလိုင်စင်ကို ဆိုင်းငံ့ခြင်း သို့မဟုတ် ရပ်တန့်ခြင်း စသည်တို့ ပြုလုပ်ပါမည် သို့မဟုတ် ဤသဘောတူညီချက်နှင့် ကိုက်ညီသည့် အခြားကန့်သတ်အရေးယူမှုများကို ပြုလုပ်ပါမည်။

 

4.3.2။ လိုင်စင်ရယူထားသည့် ဆော့ဖ်ဝဲကို အသုံးပြုစဉ် အသုံးပြုသူက ဖြန့်ချီသော ဥပဒေနှင့် မကိုက်ညီသည့် သို့မဟုတ် အခြားလူများ၏ တရားဝင်မူပိုင်ခွင့်များကို ချိုးဖောက်သည့် သို့မဟုတ် ဤသဘောတူညီချက်ကို ချိုးဖောက်သည့် အချက်အလက်များကို Chunmi က တိုက်ရိုက် ပယ်ဖျက်ပါမည်။

 

4.3.3။ အထက်ဖော်ပြပါ အသုံးပြုမှုဆိုင်ရာ အသေးစိတ်ဖော်ပြချက်များကို ချိုးဖောက်ခဲ့ပြီး ထိုသို့သော ချိုးဖောက်ခြင်းကြောင့် ပြင်ပအဖွဲ့အစည်းတစ်ရပ်ကို ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေပါက သင့်အနေဖြင့် သင့်ကိုယ်ပိုင်အမည်ဖြင့် သီးသန့်တာဝန်ခံရန် လိုအပ်မည်ဖြစ်ပြီး ထိုအမှုကိစ္စမှတစ်ဆင့် ပေါ်ပေါက်လာသော ဆုံးရှုံးမှုများ သို့မဟုတ် ကုန်ကျစရိတ်များအတွက် Chunmi ကို တာဝန်ခံစေခြင်းများမှ ကင်းလွတ်ခွင့်ပေးရန် လိုအပ်ပေမည်၊

 

4.3.4။ ဤအသုံးပြုသူအနေဖြင့် ၄င်း၏ သက်ဆိုင်ရာ ဥပဒေများကို ချိုးဖောက်ခြင်း သို့မဟုတ် ဤသဘောတူညီချက်ကို မလိုက်နာခြင်းများ၏ ရလဒ်အဖြစ် Chunmi မှ ကျခံရမည့် သို့မဟုတ် ထိခိုက်နစ်နာမည့် ကြောင်းကျိုးဆီလျော်မှုရှိသော ရှေ့နေဝန်ဆောင်ခ၊ စုံစမ်းစစ်ဆေးရေးနှင့် သက်သေအထောက်အထား စုဆောင်းမှု ကုန်ကျစရိတ်များ အပါအဝင် ပြင်ပအဖွဲ့အစည်းမှ တောင်းဆိုသည့် နစ်နာကြေးများ၊ စီမန့်ခန့်ခွဲမှုဆိုင်ရာ ဒဏ်ကြေးများ၊ ပျက်စီးဆုံးရှုံးမှုများ သို့မဟုတ် ကုန်ကျစရိတ်များ သို့မဟုတ် ယင်းတို့အားလုံးအတွက် နစ်နာဆုံးရှုံးမှုတစ်စုံတစ်ရာ သို့မဟုတ် နစ်နာဆုံးရှုံးမှုအားလုံးအတွက် လျော်ကြေးပေးရမည်ဖြစ်ပြီး Chunmi အား ထိခိုက်နစ်နာစေခြင်းမျိုး မဖြစ်စေရပေ။

 

5။ ကိုယ်ရေးလုံခြုံမှု မူဝါဒနှင့် ကိုယ်ရေးအချက်အလက်များ ကာကွယ်ခြင်း

5.1။ သင့်ကိုယ်ရေးအချက်အလက်များကို ကာကွယ်ရန်မှာ Chunmi အတွက် အရေးကြီးပါသည်။ ဆော့ဖ်ဝဲယားဖီးချားများ ဖော်ဆောင်ပေးအပ်ရန်နှင့် အသုံးပြုသူ အတွေ့အကြုံ မြှင့်တင်ရန်တို့အတွက် ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှု မူဝါဒနှင့်အညီ သင့်အချက်အလက်များကို ကျွန်ုပ်တို့ စုဆောင်း၊ အသုံးပြု၊ ကာကွယ်သွားမည်ဟု ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှု မူဝါဒတွင် ဖော်ပြထားသည့်အတိုင်း အချို့သော အချက်အလက်များကို Chunmi က စုဆောင်းသွားပါမည်။ ကိုယ်ရေးလုံခြုံမှု မူဝါဒအား အောက်ဖော်ပြပါ ဝက်ဘ်ဆိုဒ်ပေါ်တွင် ရရှိနိုင်ပါသည် - [http://app.joyami.com/privacy.html].။

 

5.2။ ကျွန်ုပ်တို့အနေဖြင့် Xiaomi / Mijia / Mitu အမှတ်တံဆိပ်များနှင့် ဝန်ဆောင်မှုများဖြင့် ဆက်စပ်သော အချက်အလက်များကို Xiaomi နှင့် Mi Ecosystem ကုမ္ပဏီများမှ စိတ်လှုပ်ရှားဖွယ် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ (ဆော့ဖ်ဝဲနှင့် ဟာ့ဒ်ဝဲယာများ) ကို ဖော်ဆောင်ပေးရန်နှင့် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရန်၊ ပိုမိုကောင်းမွန်သော ဖီးချားများနှင့် သုံးဆွဲသူအတွေ့အကြုံများ ကမ်းလှမ်းရန်တို့အတွက် Xiaomi နှင့် မျှဝေသွားဖွယ်ရှိပါသည်။

 

6။ ဝန်ဆောင်မှုဆိုင်ရာ စွန့်စားမှုနှင့် မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

6.1။ ဤအသုံးပြုသူအနေဖြင့် အင်တာနက် အသုံးပြုမှုအတွက် လိုအပ်သောဖုန်းနှင့် မိုဘိုင်းတာမီနယ် စက်ပစ္စည်းမှ ထုတ်လွှတ်သော တယ်လီဖုန်းဆက်သွယ်ရေး တန်ဖိုးဖြည့်စွက်ဝန်ဆောင်မှုများ အသုံးပြုမှုအတွက် ဝယ်ယူရမည်ဖြစ်ပြီး ဆက်သွယ်ရေးဝန်ဆောင်ခများ၊ သတင်းအချက်အလက်ပိုင်းဆိုင်ရာ ဝန်ဆောင်ခများနှင့် တစ်ကိုယ်ရေသုံး မိုဘိုင်းတာမီနယ်စက်၏ အင်တာနက် ရယူသုံးစွဲမှုကြောင့် ကျခံရသော သို့မဟုတ် တတိယအဖွဲ့အစည်း (တယ်လီဖုန်းဆက်သွယ်ရေးနှင့် မိုဘိုင်းဖုန်းချိတ်ဆက်မှု ဝန်ဆောင်မှုပေးအပ်သူများ) က ကောက်ခံသည့် ဆက်စပ်ကုန်ကျစရိတ်များကို ကျခံစေရမည်။ တယ်လီကွန်တန်ဖိုးဖြည့်စွက်ဝန်ဆောင်မှုများကို လိုအပ်ပါက သင်၏တယ်လီကွန် တန်ဖိုးဖြည့်စွက် ဝန်ဆောင်မှုပေးအပ်သူဖြင့် ကုန်ကျစရိတ်များ အတည်ပြုရန် အကြံပြုအပ်ပါသည်။

 

6.2။ ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု၊ နည်းပညာအခက်အခဲ၊ ကွန်ယက် သို့မဟုတ် မိုဘိုင်းတာမီနယ် စက်ပစ္စည်း ချို့ယွင်းမှု၊ စနစ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှုနှင့် ကပ်ဘေးအန္တရာယ်များကို ဖြစ်စေသော အခြားအကြောင်းအရာများကဲ့သို့ ပြင်ပအဖွဲ့အစည်းနှင့် သက်ဆိုင်သော အကြောင်းအရင်းများကြောင့် အသုံးပြုသူ ခံစားရသော ဆုံးရှုံးမှုများအတွက် Chunmi တွင်သော်လည်းကောင်း သို့မဟုတ် ယင်း၏ ပါတနာတွင်သော်လည်းကောင်း တာဝန်မရှိပါ။

 

6.3။ အင်တာနက်ဆော့ဖ်ဝဲအများစုကဲ့သို့ပင် ဤဆော့ဖ်ဝဲသည်လည်း ကွန်ယက်ဝန်ဆောင်မှု အရည်အသွေး၊ လူမှုပတ်ဝန်းကျင် ခြားနားမှုနှင့် အစရှိသည်တို့ကဲ့သို့သော အသုံးပြုသူဆိုင်ရာ အကြောင်းတရားများအပါအဝင် အခြားအကြောင်းကိစ္စရပ်များ၏ သက်ရောက်မှုကို ခံရဖွယ်ရှိပြီး ဤအသုံးပြုသူ၏ အချက်အလက်ကို အခြားသူများက အသုံးပြုခြင်းကြောင့် လက်တွေ့ဘဝတွင် နှောက်ယှက်ခံရခြင်း၊ ဤအသုံးပြုသူက ဒေါင်းလော့လုပ်ယူကာ တပ်ဆင်လိုက်သော အခြားဆော့ဖ်ဝဲများကြောင့် သို့မဟုတ် ဤအသုံးပြုသူက အခြားဝဘ်ဆိုက်များသို့ သွားရောက်လည်ပတ်ရာတွင် ရရှိလာသည့် "ဖျက်မြင်းများ"နှင့် အခြားဗိုင်းရပ်စ်များကြောင့် ဤအသုံးပြုသူ၏ တာမီနယ် စက်ပစ္စည်းပိုင်းဆိုင်ရာ သတင်းအချက်အလက်များ၏ လုံခြုံရေးအပေါ် ခြိမ်းခြောက်လာပြီးနောက် ဤဆော့ဖ်ဝဲကို ပုံမှန်အသုံးပြုခြင်းအပေါ် သက်ရောက်သော အခြေအနေများနှင့် ကြုံတွေ့ရဖွယ် ရှိပါသည်။ ဤအသုံးပြုသူအနေဖြင့် သတင်းအချက်အလက် လုံခြုံရေးနှင့် အသုံးပြုသူအချက်အလက် ကာကွယ်ရေးကိစ္စရပ်များအပေါ် သိမြင်နိုးကြားမှုကို တိုးမြှင့်စေရမည်ဖြစ်သကဲ့သို့ စကားဝှက်ကို အကာကွယ်ပေးခြင်းအား တိုးမြှင့်လုပ်ဆောင်ရန် အလေးပေးခြင်းတို့ကို ပြုလုပ်စေရမည်။ သို့မှသာလျင် ဆုံးရှုံးမှုများနှင့် အနှောက်ယှက်ပေးခံရခြင်းများကို ရှောင်ရှားနိုင်ပေမည်။

 

6.4။ ဤအသုံးပြုသူက ဤဆော့ဖ်ဝဲကို အသုံးပြုသောအခါ သို့မဟုတ် ဝန်ဆောင်မှုတစ်ရပ်ရပ်အား ဖော်ဆောင်ပေးရန Chunmi သို့ တောင်းဆိုသောအခါ ဤဆော့ဖ်ဝဲသည် ၄င်း၏ အသုံးပြုမှု သို့မဟုတ် ရယူသုံးစွဲနိုင်မှုကို အထောက်အကူပြုရန် ပြင်ပအဖွဲ့အစည်းတစ်ရပ်၏စနစ် သို့မဟုတ် ဆော့ဖ်ဝကို ခေါ်ဆောင်ပေးရဖွယ်ရှိပါသည်။ သုံးစွဲမှု သို့မဟုတ် ရယူသုံးစွဲနိုင်မှု ရလဒ်များအား ထိုပြင်ပအဖွဲ့အစည်းက ဖော်ဆောင်ပေးအပ်သွားပေလိမ့်မည်။ Chunmi အနေဖြင့် ဖော်ပြပါ စနစ် သို့မဟုတ် ဆော့ဖ်ဝဲ၏ အထောက်အကူပြုမှုမှတစ်ဆင့် ရရှိသော ရလဒ်များ၊ ဘေးကင်းလုံခြုံမှု၊ တိကျမှုနှင့် ထိရောက်မှုများအတွက် အာမခံပေးမည် မဟုတ်သကဲ့သို့ ဤသို့သုံးစွဲခြင်းကြောင့် ဖြစ်ပွားရသော အငြင်းပွားမှု သို့မဟုတ် ပျက်ဆီးဆုံးရှုံးမှုများ ရှိလာသောအခါတွင် ကြုံတွေ့ရမည့် အခြားသော စွန့်စားမှုများကို Chunmi က တာဝန်ယူမည် မဟုတ်ပေ။ ထို့အတူ နစ်နာကြေးပေးချေရန်တာဝန်ကိုလည်း Chunmi က ရယူမည် မဟုတ်ပေ။

 

6.5 Chunmi သည် ဤကုမ္ပဏီ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ကာကွယ်ရန်နှင့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို ချိန်ညှိရန်အတွက် ဤအသုံးပြုသူ၏ ဂရုပြုမှုကို ခံယူရန် တိတိပပ ကြိုးစားရာတွင် Chunmi အနေဖြင့် ဤအသုံးပြုသူထံ အသိပေးစရာ မလိုသကဲ့သို့ ဤအသုံးပြုသူသို့သော်လည်းကောင်း သို့မဟုတ် ပြင်ပအဖွဲ့အစည်းတစ်ရပ်ရပ်သို့သော်လည်းကောင်း အသိပေးမှုတစ်စုံတစ်ရာမပြုဘဲ ဤဝန်ဆောင်မှုများကို ပြင်ဆင်ခြင်း သို့မဟုတ် ဆိုင်းငံ့ခြင်းများ ပြုလုပ်ပိုင်ခွင့် ရှိပေသည်။

 

6.6။ ဥပဒေများနှင့် နည်းဥပဒေများတွင် တိတိပပ ဖော်ပြထားခြင်း မဟုတ်ပါက ဤဆော့ဖ်ဝဲနှင့် နည်းပညာများ၊ ပါဝင်သော သတင်းအချက်အလက်များမှာ ဘေးကင်လုံခြုံ၍ ထိထိရောက်ရောက် ယုံကြည်အားထားနိုင်စေရေး အသေအချာ ဆောင်ရွက်ပေးရန် ကျွန်ုပ်တို့က အစွမ်းကုန် ကြိုးပမ်းသွားပါမည်။ သို့သော် တည်ဆဲနည်းပညာအခြေအနေအရ ဤအခြေအနေမျိုးဖန်တီးရန် Chunmi က အာမ မခံနိုင်ကြောင်းအား ဤအသုံးပြုသူမှ နားလည်သဘောပေါက်ပါသည်။

 

6.7။ အောက်ဖော်ပြပါ အချက်အလက်များကြောင့် သို့မဟုတ် ယင်းတို့ဖြင့် ဆက်စပ်ကာ ပေါ်ပေါက်လာသည့် အမြတ်အစွန်း ဆုံးရှုံးမှု၊ အချက်အလက် ဆုံးရှုံးမှု၊ လုပ်ငန်း အဟန့်အတားဖြစ်မှု သို့မဟုတ် အခြားသော ကုန်သွယ်ရေးဆိုင်ရာ နစ်နာဆုံးရှုံးမှုများအပါအဝင် အခြားသော နစ်နာမှုများကဲ့သို့ ကိုယ်ရေးကိုယ်တာ နစ်နာဆုံးရှုံးမှု သို့မဟုတ် မတော်တဆ သို့မဟုတ် အကျိုးဆက်အဖြစ် ကြုံရသော နစ်နာမှုများအတွက် ဤအသုံးပြုသူတွင်သာ တာဝန်ရှိပါသည် - (၁) လိုင်စင်ပါသော ဆော့ဖ်ဝဲယားကို အသုံးပြုခြင်း သို့မဟုတ် အသုံးပြုရန် ပျက်ကွက်ခြင်း၊ (၂) ဤဆော့ဖ်ဝဲယားကို ခွင့်ပြုချက်မဲ့ အသုံးပြုခြင်း သို့မဟုတ် ပြင်ပအဖွဲ့တစ်ဖွဲ့မှာ ဤအသုံးပြုသူ၏ အချက်အလက်ကို ပြင်ဆင်ခြင်း၊ (၃) ဤဆော့ဖ်ဝဲယားအသုံးပြုစဉ်အတွင်း ဤအသုံးပြုသူ ကြုံတွေ့ရသော ကုန်ကျစရိတ်များနှင့် နစ်နာဆုံးရှုံးများ၊ (၄) ဤဆော့ဖ်ဝဲယားအား အသုံးပြုသူက နားလည်မှု လွဲမှားခြင်း၊ (၅) Chunmi ကြောင့်ဖြစ်ပေါ်သော အကြောင်းအရင်းများ မဟုတ်ဘဲ ဤဆော့ဖ်ဝဲနှင့် ဆက်နွယ်နေသည့် အခြားသော နစ်နာဆုံးရှုံးမှုများ။

 

6.8။ အခြား ဆော့ဖ်ဝဲတစ်ခုခုမှတစ်ဆင့် ဤအသုံးပြုသူ သို့မဟုတ် အခြားသော အသုံးပြုသူက ဆောင်ရွက်သော စီမံခန့်ခွဲမှုကြောင့် သို့မဟုတ် ဤအသုံးပြုသူ လိမ်လည်လှည့်ဖျားခံရခြင်းကြောင့် ဖြစ်ပေါ်သော ကိုယ်ရေးကိုယ်တာအရ သို့မဟုတ် စီးပွားရေးအရ ပျက်ဆီးမှု သို့မဟုတ် ဆုံးရှုံးမှုများပေါ်ပေါက်လာသောအခါ အမှားကျူးလွန်သော အဖွဲ့အစည်းက ယင်းနှင့်ဆက်စပ်ပေါ်ပေါက်လာသည့် တာဝန်များအားလုံးကို လက်ခံစေရမည်။

 

7။ ဥာဏဆိုင်ရာ မူပိုင်ခွင့်များ ဖော်ပြချက်

7.1။ Chunmi သည် ဤဆော့ဖ်ဝဲယား၏ ဉာဏဆိုင်ရာ မူပိုင်ခွင့်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ဥာဏဆိုင်ရာ မူပိုင်ခွင့်များအားလုံးနှင့် ဤဆော့ဖ်ဝဲဖြင့် ဆက်စပ်သော သတင်းအချက်အလက်များအားလုံး (စာသား မက်ဆေ့ချ်များ၊ ပုံများ၊ အော်ဒီယို၊ ဗီဒီယို၊ ဂရက်ဖစ်များ၊ ပေါင်းကူးဆက်သွယ်ရေးစနစ်ပိုင်းဆိုင်ရာ ဒီဇိုင်း၊ လေးအောက်၊ ဒေတာ သို့မဟုတ် အီလက်ထရောနစ် မှတ်တမ်းမှတ်ရာများနှင့် အစရှိသည်တို့အပါအဝင် အခြားအရာများ) အား ဒေသန္တရဥပဒေ၊ နည်းဥပဒေများနှင့် သက်ဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်များ၏ အကာကွယ်ကို ရယူထားပါသည်။ Xiaomi / Mijia / Mitu ကုန်အမှတ်တံဆိပ်မှအပ အထက်ဖော်ပြပါ ဥာဏဆိုင်ရာ မူပိုင်ခွင့်များ အားလုံးကို Chunmi မှ ခံစားပိုင်ခွင့် ရှိပါသည်။

 

7.2 ဤအသုံးပြုသူအနေဖြင့် Chunmi ၏ စာဖြင့်ရေးသားဖော်ပြထားသော ကြိုတင်သဘောတူညီချက်မရှိဘဲ ကုန်သွယ်ကူးသန်းရေး သို့မဟုတ် ကုန်သွယ်ကူးသန်းရေးနှင့် မသက်ဆိုင်သော ရည်ရွယ်ချက်များအတွက် အထက်ဖော်ပြပါ ဥာဏဆိုင်ရာ မူပိုင်ခွင့်များကို သီးသန့်အသုံးပြုခြင်း သို့မဟုတ် လွှဲပြောင်းခြင်းများ သို့မဟုတ် အခြားအဖွဲ့အစည်းသို့ ထိုသို့ပြုလုပ်ရန် ခွင့်ပြုခြင်းများကို ပြုလုပ်ခြင်း မရှိစေရပေ။ ထိုသို့သော ပြုမူဆောင်ရွက်မှုများအတွက် ဥပဒေကြောင်းအရ နစ်နာကြေးပေးအပ်ရေး တောင်းဆိုရန် Chunmi မှ ကျင့်သုံးပိုင်ခွင့် ရှိသည်။

 

8။ ပြင်ဆင်ချက်

8.1။ Chunmi သည် ယင်း၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်အရ ဤသဘောတူညီချက်ပါ စဉ်းမျဉ်းစည်းကမ်းများကို အချိန်အခါအားလျော်စွာ ပြင်ဆိုင်ပိုင်ခွင့်အား ကျင့်သုံးထားပြီး ထိုသို့ပြင်ဆင်လိုက်သော စည်းမျဉ်းစည်းကမ်းများကို သက်ဆိုင်ရာ ဝဘ်ဆိုဒ်စာမျက်နှာများပေါ်တွင် အချိန်နှင့်တစ်ပြေးညီ ပုံနှိပ်ဖော်ပြပေးသွားပါမည်။ ပြင်ဆင်ချက်တစ်ရပ်ရပ်ကို သဘောတူ လက်ခံခြင်းမရှိပါက ဤဝန်ဆောင်မှု အသုံးပြုချက်ကို ပယ်ဖျက်မည့် ကနဦးဆောင်ရွက်မှုများကို သင်က ဆောင်ရွက်စေရမည်။ ဤဝန်ဆောင်မှုကို သင်ဆက်လက်အသုံးပြုပါက ပြင်ဆင်လိုက်သော သဘောတူညီချက်ကို သင်လက်ခံသည်ဟု မှတ်ယူစေရမည်။

 

8.2။ Chunmi သို့မဟုတ် ဤသဘောတူညီချက်ပါ ပါတနာသည် ဖော်ဆောင်ပေးအပ်လျက်ရှိသည့် အခကြေးငွေရယူသော ဝန်ဆောင်မှုများ၊ အခကြေးငွေကောက်ခံသော စံသတ်မှတ်ချက်များ၊ အခကြေးငွေကောက်ခံသော နည်းလမ်းများ၊ ဝန်ဆောင်မှု အသုံးပြုခများ သို့မဟုတ် ဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ပြင်ဆင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်းအား ယင်း၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်အရ အချိန်အခါအားလျော်စွာ ပြုလုပ်ပိုင်ခွင့်အား ကျင့်သုံးထားပါသည်။ ဤဝန်ဆောင်မှုများကို ဖော်ဆောင်ပေးအပ်ရာတွင် Chunmi အနေဖြင့် ဖြစ်ဆဲပစ္စုပ္ပန်ကာလတွင် သို့မဟုတ် နောင်အနာဂတ်တွင် အချို့သော အခကြေးငွေများအတွက် အသုံးပြုသူအချို့ထံမှ စတင်ကောက်ခံသွားဖွယ် ရှိပါသည်။ ထိုသို့သော အခကြေးငွေများကို ဤအသုံးပြုသူက ပေးချေရန် ငြင်းဆန်ပါက ၄င်းအနေဖြင့် အခကြေးငွေ ကောက်ခံမှုစတင်သော အချိန်မှစတင်ကာ ဆက်စပ်ဝန်ဆောင်မှုများ အသုံးပြုခြင်းကို ဆက်လက်ပြုလုပ်နိုင်တော့မည် မဟုတ်ပေ။ Chunmi နှင့် ဤသဘောတူညီချက်ပါ ပါတနာတို့သည် ပြင်ဆင်မှုတိုင်း သို့မဟုတ် ပြောင်းလဲမှုတိုင်းကို ဤအသုံးပြုသူထံ အီးမေးလ်ဖြင့်သော်လည်းကောင်း သို့မဟုတ် အခြားသောနည်းလမ်းများအားဖြင့် သော်လည်းကောင်း အသိပေးရန် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်ပေးပေလိမ့်မည်။

 

9။ အကျုံးဝင်သော ဥပဒေနှင့် အငြင်းပွားမှု ဖြေရှင်းချက်

9.1။ ဤသဘောတူညီချက်၏ တရားဝင်မှုနှင့် အနက်ဖွင့်ဆိုမှုများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဥပဒေများဖြင့် လွှမ်းမိုးဆုံးဖြတ်စေရမည်။ ဆက်စပ်သည့် ဥပဒေကြောင်းဆိုင်ရာ ပြဌာန်းချက်များ မရှိသော အခြေအနေတွင် နိုင်ငံတကာ ကုန်သွယ်ရေးဆိုင်ရာ ကျင့်ထုံးများနှင့် လုပ်ငန်းကျင့်ထုံးများ သို့မဟုတ် ထိုနှစ်မျိုးစလုံးအား ရည်ညွှန်းကိုးကားဖွယ် ရှိပါသည်။

9.2။ ဤသဘောတူညီချက်အား ရှမ်းဟိုင်းပြည်နယ် ပန်ဒွန်ခရိုင်သစ်တွင် လက်မှတ်ရေးထိုးထားသည်။

 

9.3။ ဤအသုံးပြုသူနှင့် Chunmi တို့သည် ဤဝန်ဆောင်မှု အသုံးပြုခြင်းအားဖြင့် ပေါ်ပေါက်လာသော အငြင်းပွားမှုတစ်ခုခုအား သက်ဆိုင်သူများ၏ အကြံပြုချက်များအားဖြင့် ဦးစွာဖြေရှင်းစေရမည်။ ထိုသို့သော အကြံပြုဆောင်ရွက်ပေးမှုများအားဖြင့် ပြေငြိမ်းခြင်းမရှိနိုင်ပါက ဤသဘောတူညီချက်ကို လက်မှတ်ရေးထိုးထားသောနေရာမှ သမာသမတ်ကျသော တရားစီရင်ပိုင်နက်အတွင်းမှ တရားရုံးသို့ အငြင်းပွားမှုကို တင်ပြနိုင်ဖွယ် ရှိပါသည်။

 


 

10။ အထွေထွေ

10.1။ ဤဆော့ဖ်ဝဲယား၏ ဝန်ဆောင်မှုတစ်ခုခုအတွက် သီးခြား သဘောတူညီချက်တစ်ရပ်နှင့် ဆက်စပ် လုပ်ငန်းစည်းမျဉ်းများ၊ အစရှိသည်များ ရှိနေဖွယ်ရှိသောကြောင့် (ဤနေရာမှစတင်၍ “သီးခြား သဘောတူညီချက်” အဖြစ် ပေါင်းစုရည်ညွှန်းသွားမည်) ကျေးဇူးပြု၍ ထိုသို့သော ဝန်ဆောင်မှုတစ်ရပ်ရပ်ကို အသုံးမပြုမီတွင် သက်ဆိုင်ရာ သီးခြားသဘောတူညီချက်ကို ဖတ်ရှုသဘောတူပေးပါ။

 

10.2။ ဤသဘောတူညီချက်သည် _15_ day of _May_, 2018 တွင် စတင်အသက်ဝင်စေရမည်။

 

10.3။ ဤသဘောတူညီချက်ပါ စည်းမျဉ်းစည်းကမ်းများအားလုံးအတွက် ခေါင်းစဉ်များမှာ လွယ်လင့်တကူ ရည်ညွှန်းကိုးကားခြင်း အတွက်သာဖြစ်ပြီး ဤသဘောတူညီချက်ကို ဖတ်ရှုအနက်ဖွင့်ဆိုခြင်းများအား အသိမှတ်ပြုခြင်း မရှိစေရပေ။

 

10.4။ ဤသဘောတူညီချက်ပါ ပြဌာန်းချက်တစ်ရပ်မှာ အကြောင်းအရင်းတစ်ရပ်ရပ်အတွက် တရားမဝင်သော သို့မဟုတ် လက်တွေ့ကျင့်သုံးမှုမပြုနိုင်သော အခြေအနေတွင် ဖြစ်နေလျင် သို့မဟုတ် ဖြစ်လာလျင်ပင် ဤသဘောတူညီချက်ပါ အခြားပြဌာန်းချက်များမှာ ဤသဘောတူညီချက်ပါ နှစ်ဦးနှစ်ဖက်စလုံးအပေါ်တွင် အပြည့်အဝ သက်ရောက် အကျုံးဝင်နေစေရမည်။

 

 

 

Chunmi