ကိုယ်ရေးလုံခြုံမှု မူဝါဒ

အပ်ဒိတ်။

ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှု မူဝါဒအား ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် မွမ်းမံပြင်ဆင်ခဲ့ပါသည်။ ဤကိုယ်ရေးလုံခြုံမှု မူဝါဒကို ကျွန်ုပ်တို့ အစအဆုံး ပြန်လည်မွမ်းမံပြင်ဆင်ထားပါသဖြင့် ဤကိုယ်ရေးလုံခြုံမှု မူဝါဒသည် Dreame Technology က ဖော်ဆောင်ပေးအပ်လျက်ရှိသည့် Mi စက်ရုပ်ဖုန်စုပ်စက် ဆော့ဖ်ဝဲ သို့မဟုတ် ဝန်ဆောင်မှုများအတွက် သင့်ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့မည်သို့ စီမံခန့်ခွဲသည်ဆိုသည့် အချက်အလက်အသေးစိတ်ကို ဖော်ပြပေးနိုင်ပါသည်။

ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှုဆိုင်ရာ အလေ့အထများကို အချိန်ပေးလေ့လာ၍ မေးမြန်းလိုသည်များရှိပါက ကျွန်ုပ်တို့ကို အသိပေးပါ။

သင့်အတွက် ကျွန်ုပ်တို့၏ ကတိကဝတ်

ဤကိုယ်ရေးလုံခြုံမှုမူဝါဒသည် Mi စက်ရုပ်ဖုန်စုပ်စက် ဆော့ဖ်ဝဲနှင့် ဝန်ဆောင်မှုများကို သင်အသုံးပြုသောအခါတွင် ကျွန်ုပ်တို့ထံ သင်ပေးအပ်လိုက်သည့် အချက်အလက်တိုင်းအား Dreame Technology (Tianjin) Co., Ltd. နှင့် ယင်း၏ အဖွဲ့ဝင်ကုမ္ပဏီများ ("Dreame Technology"၊ "ကျွန်ုပ်တို့"၊ "ကျွန်ုပ်တို့၏" သို့မဟုတ် "ကျွန်ုပ်တို့ကို") က မည်သို့ စုဆောင်း၊ အသုံးပြု၊ ဖော်ပြ၊ စီမံ၊ ကာကွယ်နိုင်ပုံကို ရှင်းလင်းဖော်ပြထားပါသည်။ Mi စက်ရုပ်ဖုန်စုပ်စက် ဆော့ဖ်ဝဲနှင့် ဝန်ဆောင်မှုများကို အသုံးပြုသောအခါတွင် သင့်ကို ဖော်ထုတ်ခွဲခြားနိုင်စေမည့် အချက်အလက်အချို့ကို သင်ထုတ်ပေးရန် တောင်းဆိုလာခဲ့ပါက ယင်းတို့အား ဤကိုယ်ရေးလုံခြုံမှု မူဝါဒနှင့်အညီ သို့မဟုတ် ကျွန်ုပ်တို့၏ အသုံးပြုသူဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ သို့မဟုတ် ထိုနှစ်မျိုးစလုံးနှင့်အညီသာ သုံးစွဲသွားပါမည်။

ကိုယ်ရေးလုံခြုံမှု မူဝါဒကို သင့်အတွက် ဦးစားပေး ပုံစံပြုလုပ်ထား၍ ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကောက်ယူခြင်းနှင့် အသုံးပြုခြင်း အလေ့အထများအပြင် Dreame Technology ထံ ပေးအပ်ထားသော မည်သည့်ကိုယ်ရေးကိုယ်တာ အချက်အလက်ကိုမဆို သင်အပြည့်အဝ ထိန်းချုပ်နိုင်ကြောင်း အဆုံးစွန်ထိ ယုံကြည်မှုအပြည့်ထားနိုင်ခြင်းတို့ကို သင်အလုံးစုံ နားလည်သဘောပေါက်ရန် အရေးကြီးပါသည်။

ဤကိုယ်ရေးလုံခြုံမှု မူဝါဒတွင် "ကိုယ်ရေးကိုယ်တာအချက်အလက်များ" ဆိုသည်မှာ ထိုအချက်အလက်တစ်ခုတည်းဖြင့် သို့မဟုတ် လူတစ်ဦးတစ်ယောက်အကြောင်း Dreame Technology က ဝင်ရောက်ကြည့်ရှုနိုင်သည့် အခြားအချက်အလက်များနှင့် ပေါင်းစည်း၍ လူတစ်ဦးကို အတည်ပြုနိုင်သည့် အချက်အလက်များကို ဆိုလိုသည်။ ထိုသို့သော သတင်းအချက်အလက်များတွင် ကျွန်ုပ်တို့ထံ သင်ပေးအပ်ထားသော သို့မဟုတ် အွန်လိုင်းတင်ထားသော သတင်းအချက်အလက်များ၊ စက်ပစ္စည်းမှတစ်ဆင့် ရရှိသော အချက်အလက်များနှင့် အစရှိသည်တို့ကဲ့သို့သော သတင်းအချက်အလက်များ ပါဝင်ဖွယ်ရှိပြီး အခြားသတင်းအချက်အလက်များကိုလည်း ကန့်သတ်ထားခြင်းမရှိပါ။

Mi စက်ရုပ်ဖုန်စုပ်စက် ဆော့ဖ်ဝဲနှင့် ဝန်ဆောင်မှုများကို အသုံးပြုခြင်းဖြင့်အချိန်မရွေး ပြုလုပ်လာနိုင်သည့် အပြောင်းအလဲများအပါအဝင် ဤကိုယ်ရေးလုံခြုံမှု မူဝါဒတွင် ဖော်ပြထားသော ပြဋ္ဌာန်းချက်များကို သင် ဖတ်ရှုပြီး၍ အသိအမှတ်ပြုကာ လက်ခံသည်ဟု မှတ်ယူမည်။ နယ်မြေခံ အချက်အလက်ကာကွယ်ရေး ဥပဒေ အပါအဝင် အကျုံးဝင်သော ဥပဒေများနှင့် ညီညွှတ်စေရန် အလို့ငှာ ကိုယ်ရေးအချက်အလက်ဆိုင်ရာ အထူးအမျိုးအစားများ၏ စီမံဆောင်ရွက်မှုတစ်ခုခု (ဥပမာအားဖြင့် - အလိုအလျောက် တစ်ဦးချင်းအလိုက် ဆုံးဖြတ်ချက်ချမှတ်ခြင်း) အတွက် ရှင်းလင်းသော သဘောတူခွင့်ပြုချက်ကို တိတိပပ ကြိုးပမ်းရယူသွားပါမည်။ သင့်ကိုယ်ရေးကိုယ်တာ အချက်အလက်များ၏ ကိုယ်ရေးလုံခြုံမှု၊ လျှို့ဝှက်မှုနှင့် လုံခြုံမှုတို့ကို နယ်မြေခံ အချက်အလက်ကာကွယ်ရေး ပြဋ္ဌာန်းချက်များအပါအဝင် သက်ဆိုင်ရာ ဥပဒေများနှင့်အညီ ကာကွယ်ပေးရန် ကျွန်ုပ်တို့ ကတိကဝတ်ပြုပါသည်။ ဤတာဝန်များကို ကျွန်ုပ်တို့၏ ဝန်ထမ်းများနှင့် အေးဂျင့်များအားလုံးက ထိန်းသိမ်းကြသည်မှာ သေချာစေရန် ကျွန်ုပ်တို့ ညီတူညီမျှ ကတိကဝတ်ပြုပါသည်။

နောက်ဆုံးတွင် ကျွန်ုပ်တို့ လိုလားသည်မှာ ကျွန်ုပ်တို့ အသုံးပြုသူများအတွက် အကောင်းဆုံးရစေရန် ဖြစ်သည်။ ဤကိုယ်ရေးလုံခြုံမှု မူဝါဒတွင် အကျဉ်းဖော်ပြထားသည့် အချက်အလက်များအား ကျွန်ုပ်တို့ ကိုင်တွယ်ဆောင်ရွက်ပုံ အလေ့အထနှင့်ပတ်သက်၍ မေးမြန်းလိုသည်များရှိပါက ယင်းတို့ကို ဖြေကြားပေးရန် privacy@dreame.tech မှတစ်ဆင့် ကျွန်ုပ်တို့၏ အချက်အလက် ကာကွယ်ရေး အရာရှိထံ ဆက်သွယ်ပေးပါ။ ယင်းတို့ကို ကောင်းမွန်စွာ ကျွန်ုပ်တို့ ဖြေကြားပေးပါမည်။

မည်သည့်အချက်အလက်များကို ကျွန်ုပ်တို့ ကောက်ခံ၍ မည်ကဲ့သို့ အသုံးပြုပါသလဲ။

ကောက်ခံသော အချက်အလက် အမျိုးအစားများ

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို သင့်ထံ ပေးအပ်နိုင်ရန်အတွက် ယင်းဝန်ဆောင်မှုများ သင့်ထံ ပေးအပ်နိုင်ရန် လိုအပ်သော ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ထည့်သွင်းပေးရန် သင့်ထံ တောင်းခံပါမည်။ သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်ကို ထည့်သွင်းပေးခြင်း မရှိပါက ကျွန်ုပ်တို့၏ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများကို သင့်ထံ ပေးအပ်နိုင်မည်မဟုတ်ပါ။

ကျွန်ုပ်တို့အနေဖြင့် ယင်း၏ တိတိပပ ရှင်းရှင်းလင်းလင်း ဖော်ပြထားသည့် တရားဝင်ရည်ရွယ်ချက်အတွက် လိုအပ်သော သတင်းအချက်အလက်များကိုသာ စုဆောင်းသွားပါမည်။ ဤရည်ရွယ်ချက်များဖြင့် ကိုက်ညီခြင်းမရှိသော ဆောင်ရွက်မှုတစ်ခုခုကို တိုးချဲ့ဆောင်ရွက်သွားမည် မဟုတ်ပါ။ အောက်ပါ အချက်အလက်အမျိုးအစားများကို ကျွန်ုပ်တို့ ကောက်ခံနိုင်ပါသည် (ကိုယ်ရေးကိုယ်တာအချက်အလက် ဖြစ်ချင်မှ ဖြစ်ပါလိမ့်မည်) -

သန့်ရှင်းရေးလုပ်နေစဉ်အချိန်အတွင်းတွင် စက်ပစ္စည်းပေါ်ရှိ ဤကင်မရာသည် အရာဝတ္ထုများနှင့်သက်ဆိုင်သော စက်ပစ္စည်း၏ တည်နေရာအနေအထားကို ဆုံးဖြတ်သတ်မှတ်ပေးမည့် အင်္ဂါရပ် အချက်အလက်များ (ဥပမာ - အစက်များ၊ လိုင်းများနှင့် အခြားသော ရေမြေပထဝီ အင်္ဂါရပ်များ) ကို ထုတ်ရန် အရာဝတ္ထုများအား ဓာတ်ပုံရိုက်သွားပါမည်။ ဤစက်ပစ္စည်းအနေဖြင့် ယင်း၏ တည်နေရာကို သိရှိနိုင်မည်ဖြစ်သကဲ့သို့ အရာဝတ္ထုများနှင့်သက်ဆိုင်သည့် ယင်း၏ တည်နေရာကို စဉ်ဆက်မပြတ်တွက်ချက်ပြီးနောက်တွင် သန့်ရှင်းရေးလုပ်သောလမ်းကြောင်းတစ်ကြောင်းနှင့် မြေပုံကြမ်းတစ်ခုကိုလည်း ဖန်တီးနိုင်ပေလိမ့်မည်။ ဤစက်ပစ္စည်းသည် တစ်စက္ကန့်ကြာချိန်တိုင်းတွင် ဓာတ်ပုံ ၁၀ ပုံ ရိုက်ကူးပေးသွားမည်ဖြစ်ပြီး စက်ပစ္စည်းပေါ်တွင် အင်္ဂါရပ်အချက်အလက်များအား တစ်စက္ကန့်၏ တစ်ထောင်ပုံ တစ်ပုံအတွင်း ထုတ်ပေးသွားပါမည်။ ထို့နောက်တွင် ဤဓါတ်ပုံများကို ချက်ချင်းဖျက်ပစ်ပါမည်။ သင့်ကိုယ်ရေးလုံခြုံမှု အရေးပါကြောင်းအား ကျွန်ုပ်တို့ အပြည့်အဝ နားလည်ပါသည်။ ဤဓာတ်ပုံများအား စက်ပစ္စည်းပေါ်တွင် သိမ်းဆည်းထားမည် မဟုတ်သကဲ့သို့ ဆာဗာတစ်ခုသို့ ပေးပို့ခြင်းကိုလည်း ပြုလုပ်သွားမည် မဟုတ်ကြောင်းအား အပြည့်အဝ ယုံကြည်ပေးပါ။ ဤဓာတ်ပုံများအား နေရာယူရန်အတွက်သာ အသုံးပြုသွားမည်ဖြစ်ပြီး အခြားရည်ရွယ်ချက်များအတွက် အသုံးပြုသွားမည် မဟုတ်ပါ။ သင့်တွင် မေးခွန်းများ မေးမြန်းရန်ရှိပါက privacy@dreame.tech သို့အီးမေးလ်ပို့ပါ။

ကိုယ်ရေးကိုယ်တာ အချက်အလက်များအား အသုံးပြုပုံနည်းလမ်း

ဝန်ဆောင်မှုများ နှင့်/သို့မဟုတ် ထုတ်ကုန်များအား သင့်ထံပေးအပ်နိုင်ရန် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကောက်ခံခြင်းဖြစ်၍ သက်ဆိုင်ရာဥပဒေများအောက်တွင် ဥပဒေအတိုင်း ဆောင်ရွက်ပါသည်။ ဤကိုယ်ရေးလုံခြုံမှု မူဝါဒတွင် ဖော်ပြထားသော ရည်ရွယ်ချက်များအတွက် ကျွန်ုပ်တို့၏ လုပ်ငန်းမိတ်ဖက် ကုမ္ပဏီများ၊ ပြင်ပအဖွဲ့အစည်း ဝန်ဆောင်မှု ထောက်ပံ့ပေးသူများ (အောက်တွင် ဖွင့်ဆိုထားသည်) တို့ထံ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကျွန်ုပ်တို့ ဆောင်ရွက်ပေးနိုင်ရန်နှင့် ထုတ်ဖော်ပေးနိုင်ရန် ဤနေရာတွင် သင်ခွင့်ပြုချက်ပေးခြင်းဖြစ်သည်။

အောက်ပါရည်ရွယ်ချက်များအတွက် သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်ကို ကျွန်ုပ်တို့ အသုံးပြုနိုင်ပါသည် -

သင့်အချက်အလက် (ကိုယ်ရေးကိုယ်တာ အချက်အလက်များ ပါဝင်နိုင်သည်) များအား အသုံးပြုပုံအကြောင်း အသေးစိတ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်

တိုက်ရိုက် အရောင်းမြှင့်တင်ခြင်း

Dreame Technology ကုမ္ပဏီများနှင့် ကွန်ရက်၊ မိုဘိုင်း အပလီကေးရှင်းနှင့် ကလောက် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ ပေးအပ်သော ကျွန်ုပ်တို့၏ လုပ်ငန်းပါတနာများ၏ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများနှင့် သက်ဆိုင်သည့် အရောင်းမြှင့်တင်ရေး ပစ္စည်းများကို သင့်ထံပေးအပ်နိုင်ရန်အတွက် သင်၏ Xiaomi အကောင့် အိုင်ဒီတို့ကို အသုံးပြုနိုင်ပါသည်။ ကျွန်ုပ်တို့ဖြင့် သင်၏ ကိုယ်ရေးအချက်အလက်အား သင့်ထံမှ ရှင်းလင်းသော သဘောတူခွင့်ပြုချက်ကို ရရှိထားပြီး ရှင်းလင်းသည့် သီးခြားသဘောတူညီချက်တစ်ရပ်ကို လိုအပ်ဖွယ်ရှိသော ဒေသန္တရ အချက်အလက် ကာကွယ်ရေး ဥပဒေများနှင့် ရှင်းရှင်းလင်းလင်း ညီညွှတ်သည့် သို့မဟုတ် ယင်းတို့နှင့် ဆန့်ကျင်မှုမပြုသည့် အခြေအနေရှိမှသာ အသုံးပြုသွားပါမည်။ တိုက်ရိုက် အရောင်းမြှင့်တင်ခြင်းအတွက် သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များအား အသုံးပြုရန် ကျွန်ုပ်တို့ အဆိုပြုထားသည့်ပုံစံမှ အချိန်မရွေး သင် နှုတ်ထွက်ထားနိုင်ပါသည်။ အီးမေးလ်ဆက်သွယ်သည့် ပုံစံအချို့ကို အလိုမရှိသောအခါတွင် အီးမေးလ်တစ်စောင်ချင်းစီ၏ အောက်ခြေတွင်တည်ရှိသည့် အဖွဲ့ဝင်ထားခြင်းမှ နှုတ်ထွက်ရန်လင့်ခ်သို့ သွားခြင်း သို့မဟုတ် privacy@dreame.tech မှတစ်ဆင့် ကျွန်ုပ်တို့ထံ အီးမေးလ်ပေးပို့ခြင်းတို့အားဖြင့် ငြင်းပယ်နိုင်ပါသည်။ တိုက်ရိုက် အရောင်းမြှင့်တင်ခြင်းတွင် ကျွန်ုပ်တို့၏ လုပ်ငန်းမိတ်ဖက်များမှ အသုံးပြုရန် သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များအား ကျွန်ုပ်တို့၏ လုပ်ငန်းမိတ်ဖက်များထံ လွှဲပြောင်းပေးမည် မဟုတ်ပါ။

ကွတ်ကီးများနှင့် အခြားနည်းပညာများ (http://dreame.tech ကို ကြည့်ရှုသည့်အချိန်တွင်သာ)

• မည်သို့သော သတင်းအချက်အလက်အမျိုးအစားကို စုဆောင်း၍ မည်သို့အသုံးပြုပါသလဲ။ ကွတ်ကီများ၊ တက်ခ်များနှင့် စာသားများကဲ့သို့သော နည်းပညာများအား Dreame Technology နှင့် ကျွန်ုပ်တို့၏ ပြင်ပဝန်ဆောင်မှုပေးအပ်သူများက အသုံးပြုထားပါသည်။ ဤနည်းပညာများအား လူကြိုက်များသော ဖက်ရှင်များကို ဆန်းစစ်ခြင်း၊ ဤဆိုက်ကို စီမံကွပ်ကဲခြင်း၊ သုံးစွဲသူများ၏ ဝဘ်ဆိုက်ပေါ်မှ လှုပ်ရှားမှုများကို ခြေရာခံံခြင်း၊ ကျွန်ုပ်တို့၏ သုံးစွဲသူများဖြင့် သက်ဆိုင်သော လူဦးရေးနှင့် သန်းခေါင်စာရင်းအကြောင်းအရာများကို စုစည်းခြင်းများအတွက် အသုံးပြုပါသည်။ ဤနည်းပညာများကို အသုံးပြုမှုနှင့်ပတ်သက်ပြီး တစ်ဦးချင်းအလိုက်ဖြင့်ဖြစ်စေ၊ စုပေါင်းထားသည့် ပုံစံဖြင့်ဖြစ်စေ အစီရင်ခံစာများကို ဤကုမ္ပဏီများထံမှ ကျွန်ုပ်တို့ လက်ခံ ရရှိနိုင်ပါသည်။ ဤအချက်အလက်အား ကျွန်ုပ်တို့ဝဘ်ဆိုက်၏ သုံးစွဲသူအတွေ့အကြုံကို အစွမ်းကုန်မြှင့်တင်ရန် ရည်ရွယ်ချက်အတွက်သာ အသုံးပြုသွားပါမည်။

• မှတ်တမ်းဖိုင်များ - ဝဘ်ဆိုက်အများစုကဲ့သို့ပင် ကျွန်ုပ်တို့သည်လည်း အချို့သော အချက်အလက်များကို စုဆောင်း၍ မှတ်တမ်းဖိုင်များအတွင်း သိမ်းဆည်းထားပါသည်။ ဤအချက်အလက်များတွင် အင်တာနက် ပရိုတိုကော (IP) လိပ်စာများ၊ ဘရောက်ဇာ အမျိုးအစား၊ အင်တာနက် ဝန်ဆောင်မှုပေးသူ (ISP)၊ ကိုးကားသည့်/ထွက်သွားသည့် စာမျက်နှာများ၊ လုပ်ဆောင်ချက် စနစ်၊ ရက်စွဲ/အချိန် မှတ်တမ်း၊ နှင့်/သို့မဟုတ် ကလစ်နှိပ်သည့် ဒေတာများ ပါဝင်နိုင်သည်။ ဤအလိုအလျောက် ကောက်ယူထားသည့်အချက်အလက်များကို သင်နှင့်ပတ်သက်ပြီး ကျွန်ုပ်တို့ စုစည်းရယူထားသည့် အခြားအချက်အလက်များနှင့် ချိတ်ဆက်မည် မဟုတ်ပါ။

• ကြော်ငြာ - ကျွန်ုပ်တို့၏ ဝဘ်ဆိုက်တွင် ကြော်ငြာကို ပြသရန် သို့မဟုတ် ကျွန်ုပ်တို့၏ ကြော်ငြာကို အခြားဝဘ်ဆိုက်များတွင် စီမံပြသရန် ကျွန်ုပ်တို့သည် ပြင်ပ ဝန်ဆောင်မှု ပံ့ပိုးသူများနှင့် တွဲဖက်ဆောင်ရွက်ပါသည်။ ကျွန်ုပ်တို့၏ ပြင်ပဝန်ဆောင်မှုပံ့ပိုးသူသည် ဤဝဘ်ဆိုက်နှင့် အခြားဝဘ်ဆိုက်များရှိ သင်၏ ဆောင်ရွက်ချက်များအကြောင်း အချက်အလက်များ စုစည်းရန် ကွတ်ကီးများကဲ့သို့ နည်းပညာများကို အသုံးပြုပြီး သင်၏ ရှာဖွေကြည့်ရှုမှုနှင့် စိတ်ဝင်စားမှုများကို အခြေခံပြီး ကြော်ငြာများ ပြသပေးပါမည်။ သင်၏စိတ်ပါဝင်စားမှုအပေါ်တွင် အခြေခံထားသည့် ကြော်ငြာများကို ဖော်ပြပေးရန် ရည်ရွယ်ချက်အတွက် အသုံးပြုသည့် ဤအချက်အလက်များ ရှိနေခြင်းကို သင်အလိုမရှိပါက ပယ်ဖျက်ရန် privacy@dreame.tech မှတစ်ဆင့် ပေးပို့နိုင်ပါသည်။

ဒေသတွင်း သိုလှောင်မှု - HTML5 / ဖလက်ရှ် - ကျွန်ုပ်တို့သည် အကြောင်းအရာများနှင့် ဦးစားပေးမှုများကို သိမ်းဆည်းရန် HTML5 သို့မဟုတ် ဖလက်ရှ်ကဲ့သို့ စက်တွင်းသိမ်းဆည်းပေးသည့် အရာဝတ္ထုများ (LSO များ) ကို အသုံးပြုပါမည်။ ကျွန်ုပ်တို့၏ ဝဘ်ဆိုက်များတွင် လုပ်ဆောင်ချက်အချို့ကို ပံ့ပိုးပေးရန် သို့မဟုတ် သင်၏ ဝဘ်ဆိုက်သို့ ဝင်ရောက်ကြည့်ရှုမှုအပေါ် အခြေခံပြီး ကြော်ငြာ ပြသရန် ကျွန်ုပ်တို့နှင့် မိတ်ဖက်ဆောင်ရွက်နေသော ပြင်ပအဖွဲ့များကလည်း အချက်အလက်များကို ကောက်ယူ သိမ်းဆည်းရန် HTML5 သို့မဟုတ် ဖလက်ရှ် ကွတ်ကီးများကို အသုံးပြုနိုင်ပါသည်။ ဘရောက်ဇာများစွာက HTML5 LSO များကို ဖယ်ရှားရန် ၎င်းတို့ ကိုယ်ပိုင်စီမံခန့်ခွဲထားသည့် တူးလ်ကို ပေးအပ်နိုင်ပါသည်။

သင့်အချက်အလက်များကို ကျွန်ုပ်တို့ မျှဝေသောသူများ

မည်သည့် ကိုယ်ရေးကိုယ်တာ အချက်အလက်များကိုမဆို ပြင်ပအဖွဲ့အစည်းများထံ ကျွန်ုပ်တို့ ရောင်းချခြင်းမပြုပါ။

တောင်းခံထားသော ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန်အတွက် ပြင်ပအဖွဲ့အစည်းများထံ (အောက်တွင်ဖော်ပြထားသည့်အတိုင်း) အချို့အခြေအနေများတွင် သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်ကို ကျွန်ုပ်တို့ ထုတ်ဖော်ပြောဆိုနိုင်ပါသည်။

ထုတ်ဖော်ပြောဆိုခြင်းကို အောက်တွင် ပါရှိသည့်အပိုင်းတွင် ဖော်ပြထားသည့်စားရင်းအတွင်းရှိ ပြင်ပအဖွဲ့အစည်း ဝန်ဆောင်မှု ပံ့ပိုးပေးသူများနှင့် လုပ်ငန်းခွဲများထံ ပြုလုပ်နိုင်ပါသည်။ ဤအပိုင်းတွင် ဖော်ပြခြင်းခံရသည့် ဖြစ်ရပ်တစ်ခုခြင်းစီအရ သင်ယုံကြည်လက်ခံလာမည့် အချက်မှာ Dreame Technology အနေဖြင့် သင့်ကိုယ်ရေးအချက်အလက်များအား သင့်သဘောတူခွင့်ပြုချက်နှင့်အညီသာ မျှဝေသွားမည်ဆိုခြင်းပင် ဖြစ်ပါသည်။ Dreame Technology သို့ပေးအပ်သော သင်၏ သဘောတူခွင့်ပြုချက်သည် သင့်သဘောတူညီချက်ကို စီမံဆောင်ရွက်ရွက်မည့် တစ်ဆင့်ခံ စီမံဆောင်ရွက်သူကို ခွင့်ပြုပေးပေလိမ့်မည်။ ဤအပိုင်းတွင် ဖော်ပြထားသော မည်သည့်အခြေအနေကြောင့်မဆို ပြင်ပအဖွဲ့အစည်း ဝန်ဆောင်မှုထောက်ပံ့ပေးသူများထံ သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို Dreame Technology က မျှဝေသည့်အခါ သက်ဆိုင်ရာ နယ်မြေခံ အချက်အလက်ကာကွယ်ရေး ဥပဒေများနှင့်အညီ ဆောင်ရွက်ရန်နှင့် တာဝန်ယူရန်ရမည်ဖြစ်ကြောင်း ပြင်ပအဖွဲ့အစည်းများထံ စာချုပ်စာတမ်းဖြင့် Dreame Technology က သတ်မှတ်ပေးပါမည်။ သင့်ဒေသ၏ တရားစီရင်မှုတွင် လိုက်နာရမည့် ကိုယ်ရေးလုံခြုံမှု စံနှုန်းများအား ပြင်ပအဖွဲ့အစည်း ဝန်ဆောင်မှု ထောက်ပံ့ပေးသူများက လိုက်နာသည်မှာ သေချာစေရန် Dreame Technology က စာချုပ်စာတမ်းများဖြင့် ပြုလုပ်ပါမည်။

ကျွန်ုပ်တို့ အဖွဲ့နှင့် ပြင်ပအဖွဲ့အစည်း ဝန်ဆောင်မှု ထောက်ပံ့ပေးသူများနှင့် မျှဝေခြင်း

ကျွန်ုပ်တို့ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ၏ လုပ်ဆောင်နိုင်စွမ်း အပြည့်အဝကို သင့်ထံပေးအပ်ရာတွင် လုပ်ငန်းလည်ပတ်မှုများ ချောမွေ့စွာ ဆောင်ရွက်နိုင်ရန် အခြားသော Dreame Technology လုပ်ငန်းခွဲ ကုမ္ပဏီများ (ဆက်သွယ်ရေး၊ လူမှုကွန်ရက်၊ နည်းပညာ သို့မဟုတ် ကလောက်လုပ်ငန်းများ) သို့မဟုတ် ကျွန်ုပ်တို့၏ စာပို့လုပ်ငန်းများ၊ ပို့ပေးခြင်း ဝန်ဆောင်မှု ထောက်ပံ့ပေးသူများ၊ ဆက်သွယ်ရေးကုမ္ပဏီများ၊ အချက်အလက်စင်တာများ၊ အချက်အလက် သိုလှောင်မှု အဆောက်အဦးများ၊ ဖောက်သည်ပံ့ပိုးမှု ထောက်ပံ့ပေးသူများ၊ ကြော်ငြာခြင်းနှင့် အရောင်းမြှင့်တင်ခြင်း ဝန်ဆောင်မှု ထောက်ပံ့ပေးသူများဖြစ်ကြသော ကျွန်ုပ်တို့၏ ပြင်ပအဖွဲ့အစည်း ဝန်ဆောင်မှု ထောက်ပံ့ပေးသူများနှင့် Dreame Technology ၏ ကိုယ်စားလှယ်များထံ သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကာလအလိုက် ကျွန်ုပ်တို့ ထုတ်ဖော်ပြောဆိုနိုင်ပါသည်။ ထိုပြင်ပအဖွဲ့အစည်း ဝန်ဆောင်မှုပေးသူများက Dreame Technology ၏ ကိုယ်စား သို့မဟုတ် အထက်ဖော်ပြပါ တစ်ခု သို့မဟုတ် ယင်းထက်ပိုသော ရည်ရွယ်ချက်များအတွက် သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို အသုံးပြုနိုင်ပါလိမ့်မည်။ ဤသတင်းအချက်အလက်ကို ကျွန်ုပ်တို့မျှဝေခြင်းအား သင်မပြုလုပ်စေလိုသောအချိန်တွင် privacy@dreame.tech မှတစ်ဆင့် ကျွန်ုပ်တို့ထံ ဆက်သွယ်နိုင်ပါသည်။

XIAOMI အုပ်စု၏ ဂေဟစနစ် ကုမ္ပဏီများနှင့် မျှဝေခြင်း

Dreame Technology သည် အလွန်ထက်မြတ်သော ကုမ္ပဏီအဖွဲ့တစ်ခုနှင့် အတူလက်တွဲ၍ Mi Ecosystem ဟုခေါ်သော အဖွဲ့ကို ဖြစ်ပေါ်စေ၍ လုပ်ကိုင်လျှက်ရှိပါသည်။ Mi Ecosystem ကုမ္ပဏီများသည် လွတ်လပ်သော အဖွဲ့အစည်းများဖြစ်၍ Xiaomi က ရင်းနှီးမြုပ်နှံ၍ တည်ထောင်ထားခြင်းဖြစ်ကာ ၎င်းတို့၏ အပိုင်းကဏ္ဍများတွင် ကျွမ်းကျင်သူများဖြစ်သည်။ Mi ဂေဟစနစ်ထံမှ စိတ်လှုပ်ရှားဖွယ် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ (ဟာ့ဒ်ဝဲနှင့် ဆော့ဖ်ဝဲ နှစ်ခုလုံး) သင့်ထံ ပေးအပ်နိုင်ရန်နှင့် ပိုမိုကောင်းမွန်အောင် ပြုလုပ်နိုင်ရန် Xiaomi သို့မဟုတ် အခြား Mi ဂေဟစနစ်တွင်ပါဝင်သော ကုမ္ပဏီများထံ သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို Dreame Technology က ထုတ်ဖော်ပေးအပ်နိုင်ပါသည်။ ဤထုတ်ကုန်များနှင့် ဝန်ဆောင်မှုအချို့သည် Xiaomi / Mijia / Mitu ကုန်အအမှတ်တံဆိပ်များ လက်အောက်တွင် ရှိနေစဉ်တွင် အခြားသော ထုတ်ကုန်သူများသည် ၎င်းတို့၏ ကိုယ်ပိုင်အမှတ်တံဆိပ်များကို အသုံးပြုဖွယ်ရှိပါသည်။ Dreame Technology အနေဖြင့် သင့်ကိုယ်ရေးအချက်အလက်များကို စာဝှက်ပြုလုပ်ခြင်းအပါအဝင် အချက်အလက်များ မျှဝေသော လုပ်ငန်းစဉ်အတွင် ကိုယ်ရေးအချက်အလက်များ လုံခြုံရေးမှုရှိစေမည့် အဖွဲ့အစည်းပိုင်းနှင့် နည်းပညာပိုင်းဆိုင်ရာ အရေးယူဆောင်ရွက်မှုများကို ကျနမှန်ကန်စွာ ဆောင်ရွက်သွားပေလိမ့်မည်။ Dreame Technology က ကျွန်ုပ်တို့ပိုင်ဆိုင်မှု၏ အပြည့် သို့မဟုတ် တစ်စိတ်တစ်ပိုင်းအဖြစ် ပေါင်းစည်းမှု၊ ရယူမှု သို့မဟုတ် ပိုင်ဆိုင်မှု ရောင်းချခြင်းတွင် ပါဝင်သည်ဆိုလျှင် ပိုင်ဆိုင်မှု အပြောင်းအလဲ၊ သင့်ကိုယ်ရေးကိုယ်တာ အချက်အလက်အသုံးပြုမှုနှင့် သင့်ကိုယ်ရေးကိုယ်တာ အချက်အလက်နှင့် ပတ်သက်၍ သင်ပြုလုပ်နိုင်သော ရွေးချယ်နိုင်မှုများ စသည်တို့ကို အီးမေးလ်မှတဆင့် နှင့်/သို့မဟုတ် ကျွန်ုပ်တို့၏ ဝဘ်ဆိုက်တွင် ထင်ရှားသော အသိပေးမှု စသည်တို့မှတဆင့် သင့်အား အသိပေးပါမည်။

အခြားအဖွဲ့အစည်းများနှင့် မျှဝေခြင်း

Dreame Technology အနေဖြင့် အကျုံးဝင်သော ဥပဒေများအရ လိုအပ်လာသောအခါတွင် သင့်ကိုယ်ရေးအချက်အလက်များအား သင်၏ သဘောတူခွင့်ပြုချက်ကို ထပ်မံရယူခြင်းမပြုဘဲ ဖော်ပြသွားဖွယ်ရှိပါသည်။

ခွင့်ပြုချက်မလိုအပ်သော အချက်အလက်များ

ဥပမာ - ကျွန်ုပ်တို့ ဝဘ်ဆိုက်ရှိ ကြော်ငြာထည့်သွင်းသူများကဲ့သို့ ပြင်ပအဖွဲ့အစည်းများထံ လုပ်ငန်းရည်ရွယ်ချက်များအတွက် အမည်ဖော်ပြမထားသော အချက်အလက်များနှင့် စာရင်းအင်းများကို ပေါင်းစုထားသည့်ပုံစံဖြင့် ကျွန်ုပ်တို့ မျှဝေနိုင်ပါသည်။ အချို့သော ထုတ်ကုန်များကို ဝယ်ယူသည့် သို့မဟုတ် အချို့သော ငွေလွှဲပြောင်းခြင်းများကို ပြုလုပ်သည့် အသုံးပြုသူများ ရှိသည့် အချို့သော မြေမျက်နှာသွင်ပြင်အုပ်စုအတွင်းရှိ ဖောက်သည်အရေအတွက်ကဲ့သို့ ကျွန်ုပ်တို့ ဝန်ဆောင်မှုများကို အထွေထွေအသုံးပြုမှု အလားအလာများအား ကျွန်ုပ်တို့ မျှဝေနိုင်ပါသည်။

သံသယဖြစ်ဖွယ်ရာများကို ရှောင်လွှဲနိုင်ရန်အတွက် နယ်မြေခံ အချက်အလက်ကာကွယ်ရေး ဥပဒေအောက်တွင် ထင်ရှားစွာ ခွင့်ပြုထားသည့် ပမာဏအတိုင်း Dreame Technology က သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို သင့်ခွင့်ပြုချက်မပါဝင်ဘဲ ထုတ်ဖော်ပြောဆိုနိုင်ပါသည်။ ထိုကဲ့သို့သော ထုတ်ဖော်ပြောဆိုမှုများကို ကျွန်ုပ်တို့၏ အခွင့်အရေးများအား ကာကွယ်ရန်၊ သင်နှင့် အခြားလူများ၏ ဘေးကင်းရေးကို သေချာစေရန်နှင့် တရားမဝင် ဆောင်ရွက်မှုများကို စုံစမ်းစစ်ဆေးခြင်းအား ဒေသခံအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်နှင့်အညီ ထုတ်ဖော်ပြောဆိုနိုင်ပါသည်။

ဘေးကင်းလုံခြုံရေး အရံအတားများ

Dreame Technology ၏ လုံခြုံရေးအစီအမံများ

သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များ လုံခြုံသည်မှာ သေချာစေရန် ကျွန်ုပ်တို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်း၊ ထုတ်ဖော်ပြောဆိုခြင်း သို့မဟုတ် ထိုကဲ့သို့သော အန္တရာယ်များကို တားဆီးကာကွယ်ရန်အတွက် သင်၏ Dreame Technology ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများနှင့် Dreame Technology ဝဘ်ဆိုက်ကို အသုံးပြုခြင်းမှ ကျွန်ုပ်တို့ ကောက်ခံထားသော အချက်အလက်များကို ကာကွယ်ရန်နှင့် လုံခြုံနေစေရန် ကောင်းမွန်သော ရုပ်ပိုင်းဆိုင်ရာ၊ အီလက်ထရွန်းနစ်ဆိုင်ရာနှင့် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ကျွန်ုပ်တို့ အသုံးပြုထားပါသည်။ သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို ဘေးကင်းလုံခြုံနေစေရန် သင့်လျော်သော အားထုတ်မှုများအားလုံးကို ကျွန်ုပ်တို့ အသုံးပြုသွားပါမည်။

သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များအားလုံးကို ကျွန်ုပ်တို့၏ ထိန်းချုပ်ထားသော အဆောက်အဦးများအတွင်းရှိ လုံခြုံသည့် ဆာဗာများတွင် သိမ်းဆည်းထားပါသည်။ အရေးပါမှုနှင့် ထိခိုက်လွယ်မှုတို့အပေါ် အခြေခံ၍ သင့်အချက်အလက်များကို အတန်းအစားခွဲခြားထားသလို သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များတွင် အမြင့်ဆုံး လုံခြုံရေးအဆင့်ရှိနေသည်မှာ သေချာစေရန် ပြုလုပ်ထားပါသည်။ ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို သင့်ထံပေးအပ်နိုင်ရန် အကူအညီပေးသည့်အနေဖြင့် အချက်အလက်များကို ဝင်ရောက်ကြည့်ရှုနိုင်သော ကျွန်ုပ်တို့၏ ဝန်ထမ်းများနှင့် ပြင်ပအဖွဲ့အစည်း ဝန်ဆောင်မှု ထောက်ပံ့ပေးသူများအနေဖြင့် လျှို့ဝှက်ချက်များကို တာဝန်ယူရန် တင်းကြပ်သော စာချုပ်စာတမ်းများကို လိုက်နာရမည်ဖြစ်သလို ထိုဝတ္တရားများကို လိုက်နာရန် ပျက်ကွက်ခဲ့ပါက အရေးယူခြင်း သို့မဟုတ် စာချုပ်ရပ်စဲခြင်း ပြုလုပ်ခံရနိုင်ပါသည်။ ကျွန်ုပ်တို့ထံတွင် ကလောက်အခြေပြု အချက်အလက် သိမ်းဆည်းမှုအတွက် အထူးရယူထိန်ချုပ်ပိုင်ခွင့်များလည်း ရှိပါသည်။ အနှစ်ချုပ်အားဖြင့် ခွင့်ပြုချက်မရရှိသော ရယူသုံးစွဲမှုများကို စောင့်ကြည့်ကာကွယ်ရန်အတွက် ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေး ဆောင်ရွက်မှုများ အပါအဝင် ကျွန်ုပ်တို့၏ သတင်းအချက်အလက် စုဆောင်း၊ သိမ်းဆည်းမှုများနှင့် စီမံဆောင်ရွက်ခြင်း ကျင့်ထုံးများကို ပုံမှန်ပြန်လည်သုံးသပ်ပါသည်။

ကျွန်ုပ်တို့အနေဖြင့် သင်၏ ကိုယ်ရေးအချက်အလက်များကို စောင့်ကြည့်ကာကွယ်ရန် ကျင့်သုံးနိုင်သော အဆင့်များအားလုံးကို ဆောင်ရွက်သွားပါမည်။ သို့သော် အင်တာနက်အသုံးပြုမှုမှာ လုံးဝဥသုံ စိတ်ချရခြင်းမရှိကြောင်းကို သင်သတိပြုသင့်ပါသည်။ ဤအခြေအနေအရ အင်တာနက်မှတစ်ဆင့် သင့်ထံသို့သော်လည်းကောင်း သို့မဟုတ် သင့်ထံမှသော်လည်းကောင်း ကူးပြောင်းပေးပို့သော ကိုယ်ရေးအချက်အလက်များ၏ လုံခြုံရေး သို့မဟုတ် သမာသမတ်ကျမှုကို ကျွန်ုပ်တို့အာမခံပေးနိုင်ခြင်း မရှိပါ။

သင်လုပ်နိုင်သော ဆောင်ရွက်မှုများ

ထိန်းသိမ်းထားရှိရေး မူဝါဒ

ကိုယ်ရေးအချက်အလက်များအား ယင်းတို့ကို စုဆောင်းရသော ရည်ရွယ်ချက်များ ပြီးမြောက်အောင်မြင်စေရန်အတွက် သို့မဟုတ် အကျုံးဝင်သော ဥပဒေများ၏ လိုအပ်ချက် သို့မဟုတ် ခွင့်ပြုချက်နှင့်အညီ လိုအပ်ချက်ရှိသော အချိန်အတိုင်းအတာတစ်ရပ်အထိ ထိန်းသိမ်းထားရှိပါမည်။ ဤကိုယ်ရေးအချက်အလက်များ ထိန်းသိမ်းထားခြင်းအားဖြင့် ယင်းတို့ကို စုဆောင်းထိန်းသိမ်းရသော ရည်ရွယ်ချက်များအတွက် အသုံးမဝင်တော့ဟု ကြောင်းကျိုးခိုင်လုံစွာ မှတ်ယူသည်နှင့်တစ်ပြိုင်နက် ကျွန်ုပ်တို့အနေဖြင့် ထိုကိုယ်ရေးအချက်အလက်များ ထိန်းသိမ်းခြင်းကို ရပ်တန့်စေပါမည် သို့မဟုတ် ထိုလူပုဂ္ဂိုလ်တစ်ဦးဦးနှင့် ဆက်စပ်နိုင်သော ကိုယ်ရေးအချက်အလက်များကို စုဆောင်းထိန်းသိမ်းသော နည်းလမ်းများကို ဖယ်ရှားစေပါမည်။အကျုံးဝင်သောဥပဒေများနှင့်အညီ အများပြည်သူအကျိုးစီးပွား၊ သိပ္ပံနယ်ပယ် သို့မဟုတ် သမိုင်းနယ်ပယ်ပိုင်းဆိုင်ရာ သုတေသန ရည်ရွယ်ချက်များ သို့မဟုတ် စာရင်းအင်းရေးရာ ရည်ရွယ်ချက်များကို ဖြည့်စည်းရန် ထပ်မံဆောင်ရွက်ပါက ထိုသို့သော ထပ်မံဆောင်ရွက်ခြင်းများသည် မူလရည်ရွယ်ခြင်းများဖြင့် ကိုက်ညီခြင်းမရှိသောအခြေအနေတွင်ပင် ထိုအချက်အလက်များအား Dreame Technology က ဆက်လက်ထိန်းသိမ်းထားပါမည်။

သင့်စက်ပစ္စည်းအား မူလအပြင်အဆင်များအဖြစ် ပြန်ပြောင်းလိုက်ပါက ဤစက်ပစ္စည်းပေါ်ရှိ သင့်ကိုယ်ရေးအချက်အလက်အားလုံး ပယ်ပျက်သွားပါမည်။ အပြင်ရီဆက်ချရန်အတွက် "မူလဆက်တင်များသို့ ပြန်ပြောင်းနေပါသည်" ဟူသောအသံကို သင်ကြားသည့်အချိန်အထိ ရီဆက်ကီးအား ၅ စက္ကန့်ကြာ ဖိနှိပ်ထားပါက မူရင်းဆက်တင်များအား အောင်မြင်စွာ ပြန်ထားပြီးပြီ ဖြစ်ပါသည်။ အသုံးပြုနိုင်သော အချက်အလက်များအား Mi စက်ရုပ်ဖုန်စုပ်စက် ပလပ်အင်၏ "ဆက်တင်များ"-"အသုံးပြုနိုင်သော"-"ပြန်သတ်မှတ်မည်" အတွင်းတွင် ဖျက်ပစ်နိုင်ပါသည်။ အပြင်ရီဆက်ချနေစဉ် နောက်ပြန်သွား၍ မရသောကြောင့် ထိုအချက်အလက်များကို မလိုအပ်တော့သောအခြေအနေတွင် ရှိနေစေရန် အသေအချာ ဆောင်ရွက်ရမည်ကို သတိပြုပါ။

သင့်စက်ပစ္စည်းပေါ်ရှိ အခြားလုပ်ဆောင်ချက်များကို ရယူသုံးစွဲခြင်း

ကျွန်ုပ်တို့၏ အက်ပ်များသည် Wi-Fi ကွန်ရက်အခြေအနေကဲ့သို့သော သင့်စက်ပစ္စည်းပေါ်ရှိ ဖီးချားအချို့ကို ရယူသုံးစွဲရန် လိုအပ်ဖွယ်ရှိပါသည်။ သင့်စက်ပစ္စည်းပေါ်တွင် ကျွန်ုပ်တို့အက်ပ်များကို လုပ်ငန်းဆောင်ရွက်ခွင့် ပြုရန်နှင့် သင့်အား ထိုအက်ပ်များနှင့် တုံ့ပြန်ဆောင်ရွက်ခွင့်ပြုရန်တို့အတွက် ဤသတင်းအချက်အလက်ကို အသုံးပြုခြင်း ဖြစ်ပါသည်။ သင့်အနေဖြင့် ဤစက်ပစ္စည်းပေါ်မှ ထိုလုပ်ဆောင်ချက်များကို ပိတ်ခြင်းအားဖြင့် သို့မဟုတ် ကျွန်ုပ်တို့ထံသို့ privacy@dreame.tech မှတစ်ဆင့် ဆက်သွယ်ခြင်းအားဖြင့် သင်၏ ခွင့်ပြုချက်များကို အချိန်မရွေး ပယ်ဖျက်နိုင်ပါသည်။

သင့်သတင်းအချက်အလက်များကို သင်ထိန်းချုပ်ထားပါသည်။

ဆက်တင်များကို ထိန်းချုပ်ခြင်း

ကိုယ်ရေးလုံခြုံမှုဆိုင်ရာ စိုးရိမ်ပူပန်မှုများမှာ လူပုဂ္ဂိုလ်များအကြား ခြားနားမှုများရှိသည်ကို Dreame Technology က သတိပြုမိပါသည်။ ထို့ကြောင့် သင့်ကိုယ်ရေးအချက်အလက်များ စုဆောင်းအသုံးပြုခြင်း၊ ဖွင့်ဟခြင်း သို့မဟုတ် စီမံဆောင်ရွက်ခြင်းများကို ကန့်သတ်ရန် သို့မဟုတ် သင့်ကိုယ်ရေးလုံခြုံမှု အပြင်အဆင်များကို ထိန်းချုပ်ရန်တို့အတွက် သင်ရွေးချယ်နိုင်မည့် နည်းပေးလမ်းပြ ဥပမာများအား Dreame Technology က ဖော်ပြပေးထားပါသည်။

အထက်ဖော်ပြပါ ရည်ရွယ်ချက်များတွက် သင်၏ ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့အသုံးပြုရန် သင်ခွင့်ပြုထားပါက ကျွန်ုပ်တို့ထံ ပေးစားရေးသားပေးပို့၍သော်လည်းကောင်း သို့မဟုတ် privacy@dreame.tech.မှတစ်ဆင့် အီးမေးလ်ပေးပို့ခြင်းအားဖြင့် သော်လည်းကောင်း ထိုသဘောတူညီကို အချိန်မရွေး ပြောင်းလဲဖွယ်ရှိပါသည်။

သင့်ကိုယ်ရေးအချက်အလက်များကို ရယူသုံးစွဲခြင်း၊ အပ်ဒိတ်ပြုလုပ်ခြင်း၊ အမှန်ပြင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း

သဘောတူခွင့်ပြုချက်ကို ရုပ်သိမ်းခြင်း

ကျွန်ုပ်တို့ လက်ဝယ်ရှိသော သို့မဟုတ် ထိန်းသိမ်းထားသော သင်၏ ကိုယ်ရေးအချက်အလက်များ စုဆောင်း၊ အသုံးပြုခြင်း သို့မဟုတ် ဖွင့်ချခြင်း သို့မဟုတ် ယင်းတို့အားလုံးအတွက် သင်၏ သဘောတူ ခွင့်ပြုချက်အား တောင်းခံလွှာတင်သွင်းခြင်းအားဖြင့် ရုပ်သိမ်းနိုင်ပါသည်။ ဤဆောင်ရွက်မှုအားprivacy@dreame.tech သို့ အီးမေးလ်ပေးပို့ခြင်းအားဖြင့် ဆောင်ရွက်နိုင်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် တောင်းခံမှု ပြုလုပ်သည့် အချိန်မှ ကြောင်းကျိုးဆီလျော်မှုရှိသော အချိန်ဇယားတစ်ခုအတွင်း သင်၏ တောင်းဆိုမှုကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ထိုအချိန်မှစတင်ကာ သင်တောင်းဆိုချက်နှင့်အညီ သင်၏ ကိုယ်ရေးအချက်အလက်များ စုဆောင်း၊ အသုံးပြုခြင်းနှင့် သို့မဟုတ် ဖွင့်ချခြင်း သို့မဟုတ် ယင်းတို့ကို ဆောင်ရွက်ခြင်းအား ပြုလုပ်တော့မည် မဟုတ်ပါ။

သင်၏ သဘောတူခွင့်ပြုချက်ကို ရုပ်သိမ်းခြင်းသည် အချို့သော ဥပဒေကြောင်းဆိုင်ရာ အကျိုးဆက်များဖြင့် ကြုံတွေ့ရဖွယ်ရှိခြင်းကို သတိချပ်ပေးပါ။ သင်၏ ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့ စီမံပြုပြင်ရန်အတွက် သင်၏သဘောတူခွင့်ပြုချက်ကို ရုပ်သိမ်းသော အတိုင်းအတာပေါ်တွင်မူတည်ကာ Mi စက်ရုပ်ဖုန်စုပ်စက် ဆော့ဖ်ဝဲနှင့် ဝန်ဆောင်မှုများကို သင်က စံစားသုံးစွဲနိုင်တော့မည် မဟုတ်ဟု ဆိုလိုခြင်းပင် ဖြစ်ပေသည်။

သင်၏ တရားစီရင်ပိုင်နက်ပြင်ပတွင် ကိုယ်ရေးအချက်အလက်များ လွှဲပြောင်းခြင်း

သင်၏ တရားစီရင်ပိုင်နက်ပြင်ပတွင် ကျွန်ုပ်တို့၏ အဖွဲ့ဝင်ကုမ္ပဏီများ သို့မဟုတ် ပြင်ပဝန်ဆောင်မှု ပေးအပ်သူများသို့ ကိုယ်ရေးအချက်အလက်များ လွှဲပြောင်းပေးရန် လိုအပ်သောအခါတွင် အကျုံးဝင်သော ဥပဒေများနှင့်အညီ ကျွန်ုပ်တို့က ဆောင်ရွက်စေရမည်။ အထူးသဖြင့် လွှဲပြောင်းမှုအားလုံးအား ကျနကောင်းမွန်စွာ စောင့်ကြည့်ထိန်းသိမ်းသော စနစ်များနှင့် သင်ဖြင့် အကျုံးဝင်သော ဒေသန္တရ ဥပဒေပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပေးသွားပါမည်။ သင့်ကိုယ်ရေးအချက်အလက်များကို ဤသို့လွှဲပြောင်းပေးခြင်းအတွက် Dreame Technology က သင့်လျော်မှန်ကန်သော လုံခြုံရေးဆောင်ရွက်မှုများ ပြုလုပ်ထားခြင်းအကြောင်း သင်သိရှိပိုင်ခွင့် ရှိပါသည်။

သင်၏ ကိုယ်ရေးအချက်အလက်များကို စီမံပြုပြင်ရန် သို့မဟုတ် အရန်သိမ်းဆည်းရေးအတွက် Dreame Technology က ဆောင်ရွက်ရန် နှင့် ထိန်းချုပ်ရန် ပြည်ပအဆောက်အအုံများအား Dreame Technology က အသုံးပြုသွားဖွယ် ရှိပါသည်။ လက်ရှိအချိန်တွင် အမေရိကန်၊ ရုရှား၊ အိန္ဒိယ၊ စင်္ကာပူနှင့် ဂျာမနီတို့၌ Dreame Technology ၏ အချက်အလက် စင်တာများ ထားရှိထားပါသည်။ ဤပြည်ပတရားစီရင်ပိုင်နက်များတွင် သင့်မွေးရပ်မြေ၏ တရားစီရင်ပိုင်နက်အတွင်း အသုံးပြုနေသော အချက်အလက်အကာကွယ်ပေးရေး ဥပဒေများနှင့် သိသိသာသာ ဆင်တူသော ဥပဒေများ မရှိခြင်း သို့မဟုတ် အသုံးမပြုခြင်းများ ရှိနိုင်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် သင်၏ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့၏ ပြည်ပအဆောက်အအုံများသို့ လွှဲပြောင်းခြင်းနှင့် ယင်းတို့တွင် သိုလှောင်ခြင်းများကို ပြုလုပ်သွားဖွယ်ရှိပါသည်။ သို့သော် ဤအခြေနေသည် ဤကိုယ်ရေးလုံခြုံမှု မူဝါဒနှင့်အညီ သင်၏ကိုယ်ရေးအချက်အလက်များကို စောင့်ကြောင့်ကာကွယ်မည့် ကျွန်ုပ်တို့၏ ကြိုးပ်းမှုများအပေါ် အပြောင်းအလဲ မဖြစ်စေပါ။

အထွေထွေ

အသက်မပြည့်သေးသူများ

ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို သင်ကလေးအသုံးပြုခြင်းအား စောင့်ကြည့်ထိန်းသိမ်းရန်မှာ မိဘများ၏ တာဝန်သာဖြစ်သည်ဟု ကျွန်ုပ်တို့မှတ်ယူပါသည်။ သို့သော်ငြားလည်း အသက်မပြည့်သေးသူများထံမှ ကိုယ်ရေးအချက်အလက်များ တောင်းခံခြင်း သို့မဟုတ် ထိုအသက်သတ်မှတ်ချက်တွင် ပါဝင်နေသောသူများသို့ အရောင်းမြှင်တင်ရေး နှိုးဆော်စာများ ပေးပို့ခြင်းတို့ကို မဆောင်ရွက်ရန်မှာ ကျွန်ုပ်တို့မူဝါဒ ဖြစ်ပါသည်။

Dreame Technology သည် အသက်မပြည့်သေးသူများထံမှ ကိုယ်ရေးအချက်အလက်များကို လက်ခံရယူရန် ရည်ရွယ်ကြိုးပမ်းခြင်းများ မပြုပါ။ မိဘတစ်ဦး သို့မဟုတ် အုပ်ထိန်းသူတစ်ဦးအနေဖြင့် အသက်မပြည့်သေးသူ တစ်ဦးသည် မိမိတို့၏ ကြိုတင်သဘောတူ ခွင်ပြုချက်ကို မရယူဘဲ Dreame Technology သို့ ကိုယ်ရေးအချက်အလက်များ မျှဝေထားသည်ဟု ယုံကြည်ရန် အကြောင်းအရင်းများရှိပါက ထိုကိုယ်ရေးအချက်အလက်များကို ဖယ်ရှားရန်နှင့် အကျုံးဝင်သော Dreame Technology ဝန်ဆောင်မှုတစ်ခုခုမှ ထိုအသက်မပြည့်သေးသူကို ပယ်ဖျက်ရန်တို့အတွက် ကျွန်ုပ်တို့ထံ အသေအချာ ဆက်သွယ်ပေးပါ။

အစဉ်လိုက် ဦးစားပေးမှု

ကျွန်ုပ်တို့၏ အကျုံးဝင်သော အသုံးပြုသော သဘောတူညီချက်ကို သင်လက်ခံသဘောတူပြီးသော်လည်း ထိုသို့သော အသုံးပြုသူ သဘောတူညီချက်များနှင့် ဤကိုယ်ရေးလုံခြုံမှု မူဝါဒအကြား ကြောင်းကျိုးဆီလျော်မှု မရှိခြင်းများ ဖြစ်ပေါ်လာလျင် ထိုသို့သော အသုံးပြုသူ သဘောတူညီချက်အပေါ် လွှမ်းမိုးဆုံးဖြတ်စေရမည်။

ဤကိုယ်ရေးလုံခြုံမှု မူဝါဒကို အပ်ဒိတ်လုပ်ခြင်း

ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှု မူဝါဒအား ပုံမှန်ပြန်လည်သုံးသပ်ခြင်းများ ပြုလုပ်လျက်ရှိပြီး ကျွန်ုပ်တို့၏ သတင်းအချက်အလက် ကျင့်ထုံးပိုင်းဆိုင်ရာ အပြောင်းအလဲများနှင့် ကိုက်ညီစေရန်အတွက် ဤမူဝါဒကို ပြောင်းလဲဖွယ်ရှိပါသည်။ ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှုမူဝါဒပါ ဖော်ပြချက်များကို ကျွန်ုပ်တို့ အပြောင်းအလဲ ပြုလုပ်ပါက သင်ထံသို့ အီးမေးလ်ပေးပို့ခြင်း (သင့်အကောင့်တွင် ဖော်ပြထားသော အီးမေးလ်လိပ်စာသို့ ပေးပို့ခြင်း) သို့မဟုတ် Dreame Technology ဝဘ်ဆိုက်များအားလုံးပေါ်တွင် သို့မဟုတ် ကျွန်ုပ်တို့ဆော့ဖ်ဝဲပေါ်တွင် အပြောင်းအလဲအကြောင်း တင်ပြအသိပေးခြင်းများ ပြုလုပ်သွားပါမည်။ ဤနည်းအားဖြင့် ကျွန်ုပ်တို့စုဆောင်းသော အချက်အလက်များနှင့် ယင်းတို့ကို အသုံးပြုပုံအား သင်သတိပြုမိဖွယ် ရှိပါသည်။ ကျွန်ုပ်တို့မူဝါဒအတွက် ထိုသို့သော အပြောင်းအလဲများအား အသိပေးစာတွင် သို့မဟုတ် ဝဘ်ဆိုက်ပေါ်တွင် သတ်မှတ်ထားသည့် စတင်အသက်ဝင်သောနေ့စွဲမှစတင်ကာ အသုံးပြုစေရမည်။ ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှုဆိုင်ရာ ကျင့်ထုံးများဖြင့် သက်ဆိုင်သည့် နောက်ဆုံးရ သတင်းအချက်အလက်များအတွက် ဤစာမျက်နှာပေါ်တွင် အချိန်အခါအားလျော်စွာ သင်မှ ပြန်လည်သုံးသပ်ရန် ကျွန်ုပ်တို့အားပေးလိုပါသည်။ ဤဝဘ်ဆိုက်များ၊ မိုဘိုင်းဖုန်းများ သို့မဟုတ် အခြားစက်ပစ္စည်းများ သို့မဟုတ် ယင်းတို့အားလုံးပေါ်ရှိ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို သင်ဆက်လက်အသုံးပြုခြင်းမှာ အပ်ဒိတ်လုပ်လိုက်သော ဤကိုယ်ရေးလုံခြုံမှုမူဝါဒကို သက်လက်ခံသဘောတူခြင်းပင် ဖြစ်သည်ဟု မှတ်ယူပေလိမ့်မည်။ သင်ထံမှ နောက်ထပ်ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့စုဆောင်းခြင်းမပြုမီတွင် သို့မဟုတ် ရည်ရွယ်ချက်အသစ်များဖြင့် သင်၏ကိုယ်ရေးအချက်အလက်များကို အသုံးပြုရန် သို့မဟုတ် ဖော်ပြရန် ကျွန်ုပ်တို့ဆန္ဒရှိသောအချိန်တွင် သင်ထံမှ သဘောတူညီချက်အသစ်တစ်ရပ်ကို ကျွန်ုပ်တို့ရယူသွားပါမည်။

ပြင်ပအဖွဲ့အစည်းတစ်ရပ်၏ စည်းမျဉ်းစည်းကမ်းများကို ကျွန်ုပ်က သဘောတူလက်ခံရန် လိုအပ်ပါသလား။

ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှု မူဝါဒမှာ ပြင်ပအဖွဲ့အစည်းတစ်ရပ်၏ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများဖြင့် အကျုံးဝင်ခြင်းမရှိပါ။ Dreame Technology ထုတ်ကုန်များနှင့်ဝန်ဆောင်မှုများတွင် ပြင်ပအဖွဲ့အစည်းများမှ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့် ပြင်ပအဖွဲ့အစည်းများ၏ ဝက်ဘ်ဆိုက်များသို့သွားရန် လင့်ခ်များ ပါဝင်နိုင်ပါသည်။ ထို့သောထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများကို သင်အသုံးပြုသောအခါ ၄င်းတို့သည်လည်း သင့်အချက်အလက်များကို စုဆောင်းသွားဖွယ်ရှိပါသည်။ ဤအကြောင်းတရားအရ ထိုပြင်ပအဖွဲ့အစည်း၏ မူဝါဒကိုလည်း ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှုမူဝါဒကဲ့သို့ အချိန်ပေးဖတ်ရှုပေးရန် အလေးအနက် အကြံပြုအပ်ပါသည်။ ထိုပြင်ပအဖွဲ့အစည်းများက သင့်ထံမှ စုဆောင်းသွားသော ကိုယ်ရေးအချက်အလက်များကို ယင်းတို့အသုံးပြုပုံနှင့်ပတ်သက်၍ ကျွန်ုပ်တို့ထံတွင် တာဝန်မရှိသကဲ့သို့ ကျွန်ုပ်တို့က ထိန်းချုပ်ခြင်းလည်း မပြုနိုင်ပါ။ ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှု မူဝါဒသည် ကျွန်ုပ်တို့ဝန်ဆောင်များဖြင့် ချိတ်ဆက်ထားသည့် အခြားသော ဝဘ်ဆိုဒ်များနှင့် အကျုံးမဝင်ပါ။

ကျွန်ုပ်တို့နှင့် ဆက်သွယ်ရန်

ဤကိုယ်ရေးလုံခြုံမှု မူဝါဒနှင့် ပတ်သက်သော အကြံပြုချက်များ သို့မဟုတ် မေးခွန်းများ သို့မဟုတ် သင်၏ ကိုယ်ရေးသတင်းအချက်အလက်များကို Dreame Technology က စုဆောင်းအသုံးပြုခြင်း သို့မဟုတ် ဖွင့်ချခြင်းနှင့် ဆက်စပ်သော မေးခွန်းများကို ရှိပါက "ကိုယ်ရေးလုံခြုံမှု မူဝါဒ" ဟု ညွှန်းဆိုကာ အောက်ဖော်ပြပါ လိပ်စာမှတစ်ဆင့် ကျွန်ုပ်တို့၏ အချက်အလက် ကာကွယ်ရေးမှူးထံ ဆက်သွယ်ပေးပါ -

Dreame Technology (Tianjin) Co., Ltd.

လိပ်စာ - No.1-1-804-8 North Area of Financial Trade Center, 6865 of Asia Road, (Dongjiang Bonded Port), Pilot Free Trade Zone, Tianjin

အီးမေးလ် - privacy@dreame.tech

ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှု မူဝဒါနှင့် အကျွမ်းတဝင်ရှိလာစေရန် အချိန်ပေးသည့်အတွက် ကျေးဇူးတင်ပါသည်။